CH 28

5.3K 929 108
                                    

Unicode

ရိပေါ် ကုတင်ပေါ် လှဲနေရင်း ဘေးနားက စားပွဲပေါ်က ဖုန်းကို ယူကြည့်လိုက်တယ်

Website တွေမှာ တက်နေတာက မနေ့က သီချင်းဆို ပြိုင်ပွဲမှာ သူနဲ့ ကျန့်ခိုင် ပထမရခဲ့ပေမဲ့ နှစ်ယောက်လုံး ဆုပေးတဲ့အထိမစောင့်ပဲ ပြန်သွားကြတဲ့အကြောင်း

ဖုန်းထဲ ဝင်နေတာက Missed Call 15 ခု နဲ့ Message 6 စောင်

ဒါပေမဲ့ တစ်ခုမှ ရှောင်းကျန့်ဆီက မဟုတ်ဘူးပဲ..

ခဏလောက် လွှတ်ထားပေးဆိုတဲ့ စကားကိုပဲ တအားနားထောင်ပြနေတာလား..အရေးကို မစိုက်လို့ပဲလား..ငါ့ကို နည်းနည်းလေးတောင် ရှင်းပြချင်စိတ်မရှိဘူးလား ရှောင်းကျန့်..

ဖုန်းကို လက်ထဲမှာ ဆုပ်ကိုင်ထားရင်းနဲ့ပဲ မဲ့ပြုံးပြုံးလိုက်တယ်

သူများတွေ ပြောတဲ့ ဝမ်ရိပေါ်က ကိုယ့်ကိုကိုယ် အထင်ကြီးတဲ့ရောဂါ ရနေတာလေ ဆိုတဲ့စကားက အမှန်ပဲထင်တယ်

သူ့ကိုယ်သူ အတော်လေး အထင်ကြီးခဲ့မိတာ ရိပေါ်က..ဒီတစ်ခေါက်တော့ ရှောင်းကျန့် က သူ့ကို သေချာပေါက် ရွေးချယ်မှာပဲ ဆိုတဲ့ အတွေးကို ဘယ်လိုယုံကြည်မှုမျိုးနဲ့ သူတွေးမိခဲ့တာလဲ

မျက်တောင်ကို အမြန်ခတ်လိုက်ပြီး ကျခါနီး မျက်ရည်တွေကို သိမ်းလိုက်တယ်

ကားသော့ကို ဆွဲပြီး အခန်းထဲက ထွက်လို့ အောက်ထပ်ကို ပြေးဆင်းလာတော့ ဧည့်ခန်းမှာ ဝမ်ကတော်နဲ့ တွေ့တယ်

"အပြင်သွားမလို့လား"

"အင်း..ဆေးရုံကို လူနာသွားမေးမလို့ပါ"

ဝမ်ကတော်ကို အမြန်ပြန်ဖြေခဲ့ပြီး ခြံထဲ ပြေးဆင်းခဲ့တော့ ရိပေါ်ရဲ့ ကားကို ဒရိုင်ဘာကြီးက ရေဆေးပေးနေတာတွေ့တယ်

"ဒရိုင်ဘာကြီး ! ရော့"

ကားသော့ကို လှမ်းပစ်ပေးလိုက်တော့ ဒရိုင်ဘာကြီးက အမြန်လှမ်းဖမ်းရင်း ရိပေါ်ကို လန့်ပြီး လှည့်ကြည့်တယ်

လန့်လည်း လန့်ချင်စရာပါ..ရိပေါ်က ကိုယ့်ဘာသာ ကားမောင်းပြီး သွားနေကျသူမလား

"ဒီနေ့ ကားမောင်းချင်စိတ်မရှိလို့.."

ပြောပြီးတာနဲ့ နောက်ခန်းကို ဝင်ထိုင်ပြီး မျက်လုံးတွေ မှိတ်ထားလိုက်တယ်..ဖုန်းကို စက်ပိတ်လိုက်ဖို့လည်း မမေ့ဘူး

How to be a Protagonist Where stories live. Discover now