CH 26

5.6K 984 144
                                    

Unicode

စာကြိုးကြိုးစားစားကျက်ခဲ့ကြတဲ့ ရိပေါ်တို့ လေးယောက်မှာ ရှောင်းကျန့်ကတော့ Tutorial အမှတ်ပြည့်ရပြီး ရိပေါ်နဲ့ ကျန့်ခိုင်ကတော့ ကပ်အောင်သွားပါတယ်..ရှောင်ဖုန်းကတော့ မအောင်ပါဘူး

"ရှောင်ဖုန်း..ဘယ်လောက်နဲ့ ကျတာလဲ"

"သိပ်မလိုပါဘူး အောင်ဖို့..၄မှတ်ထဲ"

"အော် ၃၆ လား မဆိုးပါဘူး"

ရိပေါ်က ရှောင်ဖုန်းပုခုံးကို ပုတ်ပြီး အားပေးနေတယ်

"မဟုတ်ဘူးလေ ၄မှတ်ပါဆို.."

"ဘာ ! ၄မှတ် ?! အဲ့ဒါဆိုလည်း ဘာလို့ အောင်ဖို့ သိပ်မလိုဘူးလို့ပြောလဲ"

ရိပေါ် တို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ရိုက်ပုတ်ပြီး သတ်နေတုန်း ကျန့်ခိုင်က လာခေါ်တယ်..

"ရိပေါ်..လာ..သီချင်းတိုက်ရမယ်.."

"အင်း လာပြီ"

ရိပေါ်တို့ပြောနေတာကြားတော့မှ တစ်လျှောက်လုံးငြိမ်နေတဲ့ ရှောင်းကျန့်က ထိုင်နေရာကနေ မော့ကြည့်တယ်

"ငါလိုက်ခဲ့မယ်"

"မလိုက်နဲ့ !"

ရိပေါ်က အလန့်တကြားအော်ပြောလိုက်တော့ ရှောင်းကျန့်က မျက်မှောင်ကျုံ့တယ်

"ဘာလဲ ? သူနဲ့ နှစ်ယောက်တည်း နေချင်လို့လား"

"ဟုတ်ချင်ဟုတ်မှာပေါ့"

"မဟုတ်ပါဘူး ! ကျန့်ခိုင်..လျှောက်ပြောမနေနဲ့..ငါက မင်းကို စပရိုက်စ်လုပ်မလို့လေ..မင်းကြိုသိနေမှာပေါ့..မဟုတ်ရင်..ပွဲနေ့ကျမှ ကြည့်တော့..သွားပြီ တာ့တာ !"

ကျန့်ခိုင်လက်ကို ဆွဲပြီး ပြေးထွက်သွားတဲ့ ရိပေါ်ကြောင့် ရှောင်းကျန့်တစ်ယောက် ဒေါသတွေ ထွက်ပြီး ကျန်ခဲ့တယ်

"စိတ်မတိုပါနဲ့..တကယ်ကို စပရိုက်စ်မို့လို့ကွ.."

ရှောင်ဖုန်းက လှမ်းပြီး ဖြောင်းဖြနေသေးတာ

​"မင်းလဲသိတာလား..ငါတစ်ယောက်ပဲ မသိတာပေါ့"

"မင်းအတွက် စပရိုက်စ်ပါဆို မင်းက သိလို့ရမလား..ပွဲနေ့ကျမှကြည့်..ဟုတ်ပြီလား.."

How to be a Protagonist Where stories live. Discover now