CH 11

5.4K 917 106
                                    

Unicode

နေကြာခင်းကြီးထဲမှာ ကောင်လေးနှစ်ယောက်က ထိုင်နေတယ်..နှစ်ယောက်စလုံးက ကောင်းကင်ကြီးကို ငေးမောလို့..အကြည့်ချင်းဆုံတဲ့အခါ သူတို့ ဟက်ဟက်ပက်ပက် ရယ်မိလိုက်ကြတယ်

ဒီထိ ရောက်လာဖို့ သူတို့နှစ်ယောက် ဘယ်လောက်တောင် ဉာဏ်နီဉာဏ်နက်သုံးလိုက်ရသလဲ..ကျောင်းထဲမှာတော့ ဘော်ဒီဂတ်တွေနဲ့ မနေခိုင်းပါနဲ့ဆိုပြီး ကျန့်ခိုင်က မယ်မယ့်ကိုပြောထားပေမဲ့ ကျောင်းပြင်ထွက်ခဲ့တဲ့အခါ သူတို့က ကားနက်ကြီးတွေနဲ့ ဘယ်သွားသွား လိုက်နေကြဦးမှာပဲ

ပြီးတော့ ကျန့်ခိုင် အတန်းမတက်တာ မယ်မယ်သိရင် အဆူခံရမှာ..ဒါပေမဲ့ နောင်ခါလာ နောင်ခါစျေးဆိုပြီး ဝမ်သခင်လေး ခေါ်တဲ့နောက်လိုက်ခဲ့တာပဲ..မယ်မယ် သိချင်မှ သိမှာပါ

အရင်ဆုံး ရိပေါ်ရဲ့ အကြံအတိုင်း ဘော်ဒီဂတ်တွေ မရှိနေမဲ့ နေရာကို ရှာရတယ်..ကျောင်းဂိတ်ပေါက်တည့်တည့်မှာတင် သူတို့က အဖွဲ့လိုက် စောင့်နေတာမို့ ဒီတိုင်း ထွက်သွားလို့မရဘူးလေ..အဲ့ဒါနဲ့ ကျောင်းရဲ့ အနောက်ဘက်ကနေ ထွက်ဖို့ ကြံလိုက်တယ်..ကံဆိုးချင်တော့ ကျောင်းရဲ့ အနောက်ပေါက်က တံခါးကြီးပိတ်ထားတာပဲ..

"ရိပေါ် တံခါးပိတ်ထားတယ်.."

ရိပေါ်က သူ့ခေါင်းသူကုတ်ရင်း တစ်ချက်စဥ်းစားတယ်

"နံရံကိုကျော်မှပဲ ရမယ်"

"ဟင်"

ကျန့်ခိုင်ရဲ့ အဖြေကိုတောင် မစောင့်ပဲ လက်ဒဏ်ရာရနေတဲ့ ကောင်လေးဟာ နံရံကို ကုတ်ကပ်တွယ်တက်သွားတာများ ဖားပျံလေးလိုပဲ

နံရံကို ခွထိုင်နေတာများ..ပြုတ်ကျမှာ မကြောက်ဘူးလား မသိ..အသည်းယားစရာ..ရိပေါ်က ကျွန်တော့်ကို တက်လာခဲ့ဖို့ လက်ပြပြီး ခေါ်နေသေးတာ

"လာခဲ့လေ"

ပြောပြောဆိုဆိုနဲ့ ဟိုဘက်ခြမ်းကျောင်းအပြင်ဘက်ကို ရိပေါ်က ခုန်ဆင်းသွားတယ်..ကျန့်ခိုင်လည်း နံရံပေါ်တက်ပြီး ရိပေါ်လို လိုက်ခုန်ချလိုက်ရတယ်..

"ဟေ့ ဘယ်သူတွေလဲ !"

"Shit ကျောင်းဂိတ်စောင့်ကြီးထင်တယ်.."

How to be a Protagonist Where stories live. Discover now