ထွေးပွေ့စရာ ကိုယ်ငယ်လေးမရှိတာမို့
မိုးရယ် မြန်မြန်တိတ်ပါတော့လား။

***

"မြေးရေ ဧည့်ခန်းက ကျပ်ခိုးတွေ ရှင်းလိုက်ပါဦး"

မီးဖိုထဲတွင် ချက်ပြုတ်နေရင်းမှ အဘွားကလှမ်းအော်သည်။

"ဟုတ်ဖွား"

ငှက်မွှေးတုတ်ဖြင့် အိမ်ရှေ့ မျက်နှာကျက်ရှိ ကျက်ခိုးများအား ခုံလေးခုကာ လေတစ်ချွန်ချွန်ဖြင့် ရှင်းနေသည့် ကောင်လေးက ခပ်မြူးမြူးလေး ပြန်ဖြေသည်။

ကောင်လေး ပျော်နေရသော အကြောင်းပြချက်မှာ သည်ပိတ်ရက်တွင် အစ်ကိုနမ်ဂျွန်က ပြန်လာမယ်ဟု ဖုန်းဖြင့် လှမ်းအကြောင်းကြား ထားသောကြောင့်။ သည်နေ့ဟာ အကိုနမ်ဂျွန်ပြန်လာမည့် နေ့ပင်။

နမ်ဂျွန်ပြန်လာသည့် အချိန်ဆို မြေးအဘွားသုံးယောက်လုံး နတ်နန်းအတူသွားပြီး ဆုတောင်းကြသည်။ ပြီးလျှင် အစ်ကိုဖြစ်သူ လုပ်ကြွေးသမျှ မကောင်းမကန်း မုန့်များအား ဂျီမင်းလေးက ဒိုင်ခံစားပေးပြီး။ ညအိပ်ချိန်ဆို နမ်ဂျွန့် လက်မောင်းမှာ ခေါင်းလေးအုံးကာ  "ဆိုးလ်မှာနေတုန်းက ကိုကို့အကြောင်းတွေကိုပြောပြ"ဟု အစချီသည့် ဂျီမင်းလေး၏ မကုန်နိုင်သော မေးခွန်းတွေအား သူ အိပ်ပျော်သည်အထိ ပြန်ဖြေပေးရလိမ့်မည်။

"ဂျီမင်းရေ ပတ်ဂျီမင်း"

အိမ်ရှေ့မှ သူ့ထက် ပိုအူရွှင်နေသော အသံဖြင့် အိမ်ထဲဝင်လာသူမှာ နှစ်ယောက်မရှိသည့်
ဂျောင်ဟိုဆော့ပင်။

အကိုနမ်ဂျွန်ပြန်လာမည်ဆိုသည့် သတင်းအား မည်သည့်နေရာက အနံ့ရသွားသည် မသိ။

"ကိုယ်တို့ဂျီဂျီလေး ပင်ပန်းနေပြီလား"

သူ့အား ယောက်ဖ တော်ချင်နေသော အကောင်းစား သူငယ်ချင်းလေးဟာ မိုးပြာရောင်အင်္ကျီပွပွကြီးအား ဘောင်းဘီတိုနှင့် တွဲဝတ်လာပြီး ဆံပင်ကိုလည်း ညှပ်လာသေး၏။

"ဘာကိစ္စတုန်း"

အပေါ်ကနေ မျက်စောင်းထိုးကာ​ပြန်ဖြေတော့ ကိုယ်တော်ချောက မျက်နှာပိုး မသတ်နိုင်ဘဲ ပြုံးစိစိလုပ်နေသည်။

PETRICHOR || VMINWhere stories live. Discover now