သူ့ ကမ္ဘာဟာ တဖြည်းဖြည်း အမှောင်အတိကျလာပြီး နောက်ဆုံး မြင်လိုက်ရသည်က သွေးအိုင်ထဲလဲနေသော ကိုယ်ငယ်လေးရယ်။
အနှီကိုယ်ငယ်လေးနား ကျဆင်းနေသည့် မိုးစက်တစ်ချို့ရယ်သာ။

"ဆော!!"

မိုးခြိမ်းသံကြား တိုးဝင်ပျောက်ကွယ်သွားသော အော်သံကျယ်နောက်မှာ သူ့ ကိုယ်ဟာ မိုးအေးအေးနေသည့်တိုင် ချွေးစို့နေ၏။ သူ အိပ်မက်မက်နေခဲ့သည်ပင်။

မီးမထွန်းထားသော အခန်းငယ်လေးသည်
မိုးသံမှတစ်ပါး တိတ်ဆိတ်စွာ။

"ဂျီမင်းကို သဘောမကျဘူးလား ဆောရယ်"

ခုတင်ဘေးက ပုံအား တို့ထိမိတော့ ထိုပုံထဲမှအမျိုးသမီးငယ်ဟာ ပြုံးရယ်နေ၏။

"ဒါပေမဲ့ ဆောလည်း ကိုယ့်ကိုသစ္စာဖောက်ခဲ့တာ မဟုတ်လား"

ထပ်အိပ်ဖို့မဖြစ်နိုင်တော့သည်မို့ အိမ်ရှေ့သို့ထွက်ခဲ့မိသည်။ တိုင်ကပ်နာရီက အချိန်ဟာ မနက်လေးနာရီ။ အပြင်မှာလည်း မှောင်မဲနေစဲပင်။

ကလေးငယ်နှင့် တွေ့ပြီး နောက်ပိုင်း ထူးထူးခြားခြား မသောက်ဖြစ်တော့သော စီးကရက်ဘူးအား သူ လိုက်ရှာမိသည်။
တိုင်၌ ချိတ်ဖြင့် ချိတ်ထားသော မဝတ်တာကြာသည့် နီညိုရောင်ကုတ်အရှည်၏
အိပ်ကပ်အတွင်းမှ ရှာတွေ့လိုက်သည်။ ဘူးထဲတွင် နှစ်လိပ်၊ သုံးလိပ်လောက်တော့ ကျန်နေသေး၏။

အိမ်ရှေ့စားပွဲပေါ်က ပန်းအိုးဘေးမှာ အသင့်ရှိနေသော မီးခြစ်ဖြင့် မီးညှိလိုက်ပြီး။
နှစ်ရှိုက်လောက်မနားပဲ ဆက်တိုက်ရှိုက်ကာ ပြတင်းပေါက်နားသို့ ခပ်ဖြည်းဖြည်း လျှောက်သွားလိုက်၏။

ပိတ်ထားသော ထိုပြတင်းပေါက်အား ဖွင့်လိုက်သည့်အခါ မိုးစက်မိုးဖွားတချို့က သူ့မျက်နှာပေါ် အပြေးအလွှား ခုန်ဆင်းလာလေတော့သည်။ သူသာ အရင်စိတ်အတိုင်းသာဆိုလျှင် မိုးရေထဲသို့ ပြေးထွက်ကာ ငိုယိုနေမိမှာအမှန်။

ယခု၌တွင်တော့ သူမိုးရွာတာကို မကြိုက်။
မိုးစိုမှာကို ပိုပြီးတောင် မုန်းသေးသည်။

မဟုတ်သေးဘူး။ သူကြောက်တာ . . .
မိုးကို သူကြောက်မိနေတာ။

ထို့နောက် သူ သက်ပြင်းအရှည်ကြီး တစ်ချက်ချကာ ပြတင်းပေါက်အား ပိတ်ချလိုက်သည်။

PETRICHOR || VMINWhere stories live. Discover now