ယူရှောင်မိုမှ အလျင်အမြန် ချေပနေသည် ။

" ခင်ဗျားက လူတွေအများကြီးကို ဆွဲဆောင်နေတာလေ . .

အဲ့လိုလုပ်နေရင် ကျွန်တော်ပဲ စိတ်အနှောင့်အယှက် ဖြစ်ရတာပေါ့ "

ခဏလေး..

အဲ့ဒီစကားက သူသဝန်တိုနေတယ် ဆိုတာကို ရှင်းရှင်းလင်းလင်းကြီး ပြောပြနေတာ မဟုတ်ဘူးလား?!








ထိုအခါ လင်းရှောင်သည် သူ၏ ခန္ဓာကိုယ်ကို မတ်လိုက်ပြီးနောက် ပျင်းတိပျင်းရွဲလေသံဖြင့် ပြောလာသည် ။

" မင်း သူနဲ့ပတ်သက်ပြီး စိတ်ရှုပ်နေစရာ မလိုပါဘူးကွာ.. ရှုယွင်း ကိုယ့်ကို ကပ်တယ်ဆိုတာ သူ့အတွက် အားကိုးရှာချင်ရုံ သက်သက်ပါ.. ရှုအိမ်တော်ဆိုတာ ယန်မြို့တော်မှာ နာမည် နည်းနည်းပဲ ရှိတာလေ..  သူတို့ အင်အားက အိမ်တော်ကြီးလေးခုရဲ့ တစ်ဝက်တောင်မရှိဘူး.. ပီးတော့ အခုမျိုးဆက် တပည့်တွေထဲမှာလဲ အရမ်းထူးချွန်တဲ့သူတွေ မပါကြဘူး.. အဲ့ဒါကြောင့် သူတို့က ကျောင်းထဲမှာရှိတဲ့ အလားအလာကောင်းတဲ့ ကျောင်းသားတွေကို အဆောတလျင် လိုက်ကပ်နေကြရတာ "

ယူရှောင်မို လင်းရှောင်အား အံ့သြစွာ ကြည့်လျက် ..

" တကယ်ကြီး အဲ့လိုကြီးလား? "

ဒီကိစ္စက လင်းရှောင်ပြောသလောက်ကြီး ရိုးရှင်းမယ်မထင်ဘူး၊ ရှုယွင်းက အားကိုလိုချင်လို့ သူ့ကိုကပ်တယ်တဲ့လား.. သူက လင်းရှောင်ကို ကြိုက်နေတယ်ဆိုတာ ဒီလောက် သိသာနေတာကြီးကို!

လင်းရှောင် သူ့အား အသဲယားစွာဖြင့် ရင်ခွင်ထဲထည့်ရင်း အကြိမ်အနည်းငယ် မွေ့ယမ်းလိုက်လေသည် ။

" ဒါပေါ့ တကယ်ပြောတာပေါ့ .. တချို့ကိစ္စတွေဆိုတာ မြင်နေရသလောက် မရိုးရှင်းဘူး .. အပေါ်ယံပဲ ကြည့်ပြီး ဆုံးဖြတ်လို့ မရဘူး .. "

ယူရှောင်မိုသည် လင်းရှောင်၏ လက်မောင်းများအား ရိုက်ထုတ်လိုက်သောကြောင့် သူ၏ မျက်နှာဖုံးအား ရိုက်ချမိတော့မလို ဖြစ်သွားရသည်၊ သို့သော် လင်းရှောင်ပြောသည့် ကိစ္စများ မှန်သော်ရှိ မမှန်သော်ရှိ၊ လင်းရှောင်အား မျက်နှာဖုံးအသစ်တစ်ခု ဝယ်ကို ဝယ်ပေးရမည်ဖြစ်သည်၊ ထိုအကြောင်းအား စဉ်းစားမိသောအခါ ယူရှောင်မိုသည် လင်းရှောင်အား ဆွဲ၍ စတင် ချီတက်လေတော့သည် ။







The Legendary Master's Wife (Myanmar Translation)Where stories live. Discover now