"ဟုတ်​ကဲ့"
"ဟို deanကဘယ်​မှာလဲသိလား"
"ဪ နား​နေ​ဆောင်​ထဲမယ်​ အင်္ကျီလဲတုန်း​လေ"
"ဟုတ်​ ​ကျေးဇူးတင်​ပါတယ်​၊ ဒီဘက်​က​နေသွားရမှာလား"
"ဟုတ်​ကဲ့"
"​ကျေးဇူးပါ"
လမ်းညွှန်​ပြီး​နောက်​ ထို​ကောင်​​လေးလည်း သူ့လိုရာသို့သွားကာ ​နေ​စောလည်း​ဆောင်​ရာသို့သွားရ​တော့သည်​။ ​ဆောင်းဦးမို့ လန်​ဒန်​ရဲ့​နေ့တစ်​​နေ့ဟာ ​အေးစက်​ခြင်းကိုအ​ဖော်​ပြုရသည်​။ အိမ်​မှာဆို အပူ​ပေးစက်​ဖြင့်​​အေး​အေး​ဆေး​ဆေး​နေနိုင်​​သော်​လည်း ​ကျောင်းမှာဆိုရင်​​တော့ လူ​ငွေ့​တွေဖြင့်​​နွေးရသည်​။ အခုလို ​ဘောလုံးကွင်းကွက်​လပ်​ထဲကို ​လမ်း​လျှောက်​​နေရသည့်​အချိန်​​တော့ ​လေတိုးကာအနည်းငယ်​အချမ်းမြင့်​သည်​။
"​အေးလိုက်​တာ"
လက်​နှစ်​ဖက်​ကိုပိုက်​၍ နား​နေခန်းကိုအမြန်​သွားရသည်​။ ဒီလို​အေးစက်​စက်​ရာသီဥတုကြား၌ အမိ​မြေကပူ​လောင်​​လောင်​အရသာကိုထိ​တွေ့ချင်​လှသည်​။ ဘယ်​​လောက်​ပဲပူပူ လွတ်​လွတ်​လပ်​လပ်​ဝတ်​စားဆင်​ယင်​လို့ရတာကို ကြိုက်​သည်​။ အခုလိုထူထူထဲထဲဝတ်​ဆင်​ရတာကို သ​ဘောမ​တွေ့လှပါ။
"ဒီအခန်းပဲ"
နား​နေ​ဆောင်​လို့​ရေးထားသည့်​တံခါးကို​ရောက်​​တော့ ​ဝင်​ဖို့ရာ​နေ​စောမှာ တွန့်​ဆုတ်​တွန့်​ဆုတ်​ဖြစ်​​နေသည်​။
အ​ပေါက်​က​နေပဲ​စောင့်​​နေရမလား​တွေးမိ​တော့ အ​အေးထဲမှာအကြာကြီးမ​နေနိုင်​ပါ။ ဆို​တော့လည်း ဖွင့်​ဝင်​သွားရုံမှအပမတတ်​နိုင်​​ပေ။
"သူ့​ကြောင့်​ငါလည်းရူးမယ်​"
ခပ်​တိုးတိုး​ရေရွတ်​ပြီး​နောက်​​တော့ နား​နေ​ဆောင်​ထဲဝင်​လာခဲ့သည်​။ဗီရိုများနှင့်​ ထိုင်​ဖို့ရာထိုင်​ခုံ​တွေမှလွဲလျှင်
လူသူမရှိ။ သို့​ပေမယ့်​လို့ ​ရေချိုးခန်းထဲက​နေ​တော့ ​ရေကျသံများကြားရသည်​။
"ကိုယ့်​​နေ​ရောင်​ခြည်​​လေးလား"
ဗီရိုနှစ်​ခုကြား​က​နေထွက်​လာသည့်​ deanမျက်​နှာက ပြုံးရွှင်​ရွှင်​။ ​​နေ​စောက deanကို စကားစဖို့ပြင်​လို​က်​ပေမယ့်​ ဘာအ​ကြောင်း​ကြောင့်​ဒီ​လောက်​မျက်​နှာမြူး​နေရသည်​မသိသည့်​deanက​တော့ ​သူ့​နေ​ရောင်ခြည်​​လေးဆီကို အတတ်​နိုင်​ဆုံးအမြန်​​ပြေးသွားလိုက်​မိသည်​။ သို့​ပေမယ့်​ ​ချော​နေသည့်​ကြမ်းပြင်​​ကြောင့်​ ​ခြေလှမ်းပျက်​သွားခြင်းနှင့်​အတူ ​အ​ရှေ့သို့​မှောက်​လဲကျ​တော့မလို့ဖြစ်​သွားရသည့်​ dean​။