------- ------ --------

"အဟွတ်...အဟွတ်..."

အဒွိထံမှ ချောင်းဆိုးသံကြားသည်နှင့် ဆန်ပြုတ်တိုက်ခြင်း အမှုကို ရပ်နားလိုက်ပြီး ရေတစ်ခွက် အမြန်တိုက်ရင် ပြင်ရတော့သည်။ ဆန်ပြုတ်ဟု ဆိုပေမဲ့ ဆန်သည် တစ်ဆလောက်သာ ပါပြီး ရေခြောက်ဆနှင့် ပြောင်းသုံးဆတို့ကို အချိုးကျ ရောကျိုထားခြင်းသာ။

ဝယ်လာသည့် ဆန်အနည်းငယ်သည် အဒွိအတွက် သီးသန့်သာဖြစ်ပြီး ခေါင်လွမ်းနှင့် လုံ့ဝ မဆိုင်။ ဆန်ပမာဏသည် နည်းပေမဲ့ ခေါင်လွမ်း လက်ထဲရှိ ငွေတစ်သောင်းကျော်ကိုတော့ အသာလေး ပြုတ်သွားစေရန် လုံလောက်ပါသည်။

သူ့အပေါ်၌ ချစ်ခြင်းမေတ္တာတွေသာ
ပေးသည့် အဒွိ အတွက် ပိုက်ဆံမည်မျှပင် ကုန်ပါစေ ခေါင်လွမ်း ဖြည့်ဆည်းပေးမည်သာ ဖြစ်သည်။ သူ့အတွက်တော့ အာလူးပြုတ်နှင့် ရေတစ်ခွက်သည် မနက်စာအဖြစ် စားရန်
ကောင်းကောင်းကြီး လုံလောက်နေပါပြီ။ နောက်ဆုံး လက်ကျန် အာလူးပြုတ်ကို စားရန် ပြင်ပြီးကာမှ လက်ကီးလေးအတွက် သတိရသွားတော့၏။

ထို့ကြောင့် အာလူးပြုတ်ကို လက်ဖြင့် ချေကာ လက်ကီး၏ စားခွက်ထဲသို့ ထည့်ပေးလိုက်တော့ ဗိုက်ဆာနေသည့် ခွေးလေးမှာ ချက်ချင်းကို စားတော့၏။ လက်ကီးသည် ခေါင်လွမ်
အသက် ၁၂နှစ်လောက်တည်းက
မွေးထားသည့် ခွေးဖြူလေးဖြစ်ပြီး အမွေးဖွာဖွာလေးတွေနှင့် ဖြစ်သည်။

လက်ကီးသည် အစာဂျီး(ကြေး)မများ။
ခေါင်လွမ်း ကျွေးသမျှကို အကုန်ပြောင်စင်အောင် စားတတ်သည်။
မပြည့်စုံသည့် ဘဝ၌ အသားကျနေသူများထဲ
လက်ကီးသည်လည်း အပါအဝင် ဖြစ်၏။
အမွေးဖွာဖွာလေးများကို အသာအယာ ပွတ်ပေးလိုက်တော့ အမှီးလေးကို နှန့်ကာ ငြိမ်ခံနေသည်။

နေရောင်ခြည်နုနုအောက် ခေါင်လွမ်း၏ အဖြူရောင် ဆံနွယ်များသည် ငွေမှင်ရောင် တန်းနေ၏။ တစ်ကိုယ်လုံး ဆွတ်ဆွတ်ဖြူနေသောကြောင့် ခေါင်လွမ်းကို အဝေးမှနေ ကြည့်လျှင်တောင် သူ၏ နီနီရဲရဲ နှာခေါင်း ထိပ်ဖျားလေးကို အလွယ်တကူ မြင်နိုင်သည်။ ကချင်လူမျိုးစစ်စစ် မိဘနှစ်ပါးမှ မွေးဖွားလာသည့် ခေါင်လွမ်း၏ ပုံစံသည်
အင်္ဂလိပ် အမျိုးသားလေး သဖွယ်။

ပန်နန်းဒင် [𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝐃]Where stories live. Discover now