Page 1

58.9K 4.5K 143
                                    

Language - Burmese
Story Location - Kachin State, Myanmar
(The Story is mainly based on Kachin State. If there something wrong with Kachin Culture or misleading facts , you can freely point out to me.)

ကချင်ပြည်နယ် နောင်မွန်မြို့

"ကျေးကျူးကမ္ဘာ"

ကချင်ပြည်နယ်။ မြန်မာနိုင်ငံ၏ မြောက်ဘက်
အစွန်ဆုံး၌ တည်ရှိသော ပြည်နယ်တစ်ခု။

မြန်မာနိုင်ငံ၏ အသက်သွေးကြော ဖြစ်သော
ဧရာဝတီမြစ်ကြီးကို ဖြစ်ပေါ်စေသည့် မေခနှင့် မေလိခမြစ်တို့ ပေါင်းဆုံသည့် နေရာ၊ အရှေ့တောင်အာရှ၏ အမြင့်ဆုံး
တောင်ဖြစ်သည့် ခါကာဘိုရာဇီ တည်ရှိရာ ဒေသဖြစ်သည်။

ကချင်ပြည်နယ်သည် ထိုကဲ့သို့
ကောင်းခြင်းများဖြင့် တည်ရှိနေသည့်
နယ်မြေ။

ရာသီဥတုမှာ အချမ်းဓာတ် ပိုကဲသည်။
မြူနှင်းတို့မှာ တရိပ်ရိပ်
လွင့်မျောနေကြသည်။

သို့ပေမဲ့ တစ်ဂျိုက် သောက်လိုက်ရသော လာချားခရော့ ခပ်နွေးနွေးကြောင့် ခန္ဓာကိုယ်သည် တဖန် ပြန်လည်၍ နွေးထွေးသွားရသည်။ ဝါးဆစ်ခွက်ထဲသို့ လာချားခရော့ လာငှဲ့ပေးသော ဒေသခံ အမျိုးသမီးကြီးထံ ကျေးကျူးကမ္ဘာဟု ဆိုလိုက်တော့ ခေါင်းကို ဆက်ခနဲ ညိတ်ကာ အသိအမှတ်ပြုဟန် ပြုံးပြလာသည်။

ဖြူစင်သည့် အပြုံးတို့၌ နွေးထွေးသည့်
အရိပ်အယောင်တို့သည် ထင်ဟက်နေလျက်။
အချမ်းဓာတ် ပိုကဲလွန်းသည့်
ဤဒေသလေးသည် မိုင်စိုင်းမောင်၏ စိတ်နှလုံးသားကိုတော့ မေတ္တာဓာတ် အလုံးစုံဖြင့် နွေးထွေးစေပုံရသည်။

အငွေ့တထောင်းထောင်း ထနေသည့် လာချားခရော့ကို သောက်ရင်း ယခု ရောက်ရှိနေသည့် အိမ်ငယ်လေး၏ ပတ်ဝန်းကျင်ဆီသို့ အကြည့် တစ်ချက်
ပို့လိုက်သည်။လူသူ အရောက်အပေါက်
နဲသည့် ဒေသလေး၌ အိမ်အပြည့်
ဧည့်သည်များဖြင့် စည်ကားနေသည်။

ထို့ကြောင့် ကလေးများ သာမက
လူကြီးများပင် ပျော်ရွှင်နေကြပုံ။

ခရီးလမ်းစဉ် တလျောက် မိုင်စိုင်း တည်းလာသည့်  အိမ်များထဲ၌ ယခုအိမ်လေးသည် အကျယ်ဆုံးဟု ဆိုရမည်။လူဆယ်ယောက်ကျော် သက်သောင့်သက်သာ နားနေနိုင်သော အိမ်ငယ်လေး၌ စကားသံတို့ဖြင့်
စည်ကားနေသည်။ အသာ နားစွင့်ကြည့်တော့
နားလည်နိုင်သည့် စကားလုံးများထက်
နားမလည်နိုင်သည်က ပို၍ များသည်။

ပန်နန်းဒင် [𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝐃]Where stories live. Discover now