Page 31

16.9K 2.5K 107
                                    

တစ်ယောက်အိပ် ကုတင်နှစ်လုံးဖြင့် ဖွဲ့စည်းထားသော အခန်းငယ်သည် တိတ်တိတ်ဆိတ်ဆိတ်လေးသာ။
သစ်သားစာပွဲခုံပေါ်မှ မီးအိမ်လေးကြောင့် ဤအခန်းလေး၌ အဝါဖျော့ရောင် အလင်းတန်းတို့ လွှမ်းမိုးနေ၏။

"သည်းငယ် ကိုယ်တို့ ထမင်းစားကြရအောင်"

အချိန်အတော်ကြာ အေးစက်နေသော လေထုကို ပြန်လည် အသက်သွင်းရန် မိုင်စိုင် ကြိုးစားမိ၏။ အဖုံး ဖွင့်ထားသော ဖော့ဘူးအတွင်းရှိ ထမင်းပေါင်း ပူပူနွေနွေးတို့သည် အငွေ့တထောင်းထောင်းနှင့် စားချင်စဖွယ်။
ထမင်းဘူးကို ဖွင့်၍ လွမ်းငယ်ဆီ ကမ်းပေးသော်လည်း ထိုကောင်လေးသည် လှမ်းမယူ။ အခန်းထောင့်သို့သာ တွေတွေလေး ငေးကြည့်နေ၏။

"ဘာတွေ ကြည့်နေတာတုံး ကောင်လေး"

အဖြေမရမည်မှန်း သိလျှက်နှင့် မိုင်စိုင်း မေးခွန်း ထုတ်မိသည်။ ကုတင်ပေါ်၌ ထိုင်နေသော လွမ်းငယ်၏
ဘေးနားသို့ သွားထိုင်ကာ ပခုံးလေးကို ပုတ်လိုက်တော့မှ မိုင်စိုင်းထံ ခေါင်းလေး လှည့်လာ၏။ ဆုံချက်မိသော ထိုမျက်ဝန်းငယ်တို့၌ ခံစားချက်တို့ မရှိ။ ဗလာသက်သက်သာ။ ချစ်ခြင်းတို့ ဖုံးလွှမ်းနေသော မျက်ဝန်းငယ်ကို မိုင်စိုင်း မျှော်လင့်မိပါလျှင် လောဘကြီးရာများ ရောက်သွားမည်လား။

"ကိုယ်ခွံ့ကျွေးမယ်လေ"

နှုတ်ခမ်းနားသို့ ဇွန်းလေး တေ့ပေးသော်လည်း
နှုတ်ဖျားလေးသည် ဖွင့်ဟမလာခြင်း မရှိ။

"သည်းငယ် ဗိုက်မဆာဘူးလား"

ကောင်လေးသည် မိုင်စိုင်း၏ အမေးကို အာရုံရှိပုံ မရ။
မျက်ဝန်းစိမ်းတွေဖြင့်သာ မိုင်စိုင်းထံ စိုက်ကြည့်နေသည်။
သူ့မျက်စိရှေ့မှ ကတုံးဆံပင်ပေါက်နှင့် အမျိုးသားလေး၏ မတုန်မလှုပ် ပုံစံလေးသည် မိုင်စိုင်းအတွက်တော့ မြတ်နိုးဖွယ်ရာ။ အသည်းယားလာသည်မလို့ မျက်နှာလေးကို လက်ဖဝါးနှစ်ဖက် အတွင်း ထည့်ကာ အနားသို့ တိုးသွားမိတော့ မျက်လုံးလေးတွေသည်
အနည်းငယ် ကျယ်လာ၏။

"ကိုယ်မေးတာကို ဖြေပါအုံး"

မိုင်စိုင်း၏ ကြိုးစားမှုသည် မအောင်မြင်။ စကားနည်းသည် ဆိုသော ကောင်လေးသည် ယခုတော့ စကားကို လုံ့ဝ မပြောတော့။ အချိန်အတော်ကြာသည် အထိ မျက်နှာလေးကို ပင့်ကိုင်ကာ မျက်ဝန်းငယ်တို့ထံ
စိုက်ကြည့်နေမိ၏။

ပန်နန်းဒင် [𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝐃]Where stories live. Discover now