တစ်ခါတစ်ရံ ကလေးငယ်က သူ့စကားနှင့်သူ အားရပါးရ ရယ်သွမ်းပြီးတိုင်း နောက်ကျောပြင်ကျယ်ဆီ ခေါင်းလေးမှီချလာတတ်သည်။အထက်တန်း ကျောင်းသားလေးက တစ်ကယ့်ကို အလည်လေးပါပင်။

ပိတ်ရက်တွေ၏ ထုံးစံအတိုင်း စက်ဘီးလေးတစ်စီး ဆေးရုံထဲဝင်လာသည်နှင့် ပန်းခြံထဲက သူနာပြုတွေ၊ လူနာတွေကပါ နှုတ်ဆက်ကြသည်။ ယခုဆို ပတ်ဂျီမင်းလေးဟာ ဆေးရုံရဲ့ အချစ်တော်လေးကိုဖြစ်လို့။

"ဂျီမင်း နေ့လယ်ကျ ကိုယ့်ဆီလာခဲ့နော်
နေ့လယ်စာ အတူတူစားကြမယ်"

"ဟီးဟီး . . ဟုတ် အစ်ကို"

ထယ်ယောင်း သူ့အခန်းကို ဝင်သွားသည်နှင့် ပတ်ဂျီမင်းလေးသည်လည်း အန်တီနိုရီတို့ရှိရာ အဆောင်ဘက်သို့ လှည့်ထွက်လာခဲ့သည်။ ယခုရက်ပိုင်းတွင် သူနှင့် လူကြီးတို့ ပိုရင်းနှီးလာကြပြီး လူကြီးဆီက ဂရုစိုက်ခံနေရသည့်အပြင် သည်မနက်လည်း လူကြီးနှင့် အတူ ဆေးရုံသွားရန် ပြင်ဆင်လာရသည်မို့ ပတ်ဂျီမင်းလေး၏ ခြေလှမ်းတွေဟာ ကော်ရစ်တာ တစ်လျှောက် မြှောက်ကြွမြှောက်ကြွဖြင့်။

သီချင်းတညည်းညည်းနှင့် ခုန်စွ ခုန်စွ လျှောက်နေတုန်း သူ့လက်အား အနောက်မှနေပြီး တစ်ယောက်ယောက်က လှမ်းဆွဲသည်ကို ခံစားလိုက်ရ၏။

"ဟင် . . သူနာပြုချွဲ"

ယခင်နေ့တွေနှင့် မတူပါဘဲ သူနာပြုချွဲ၏ အကြည့်များဟာ စိမ်းသက်သက် ဖြစ်နေသယောင်။

"ကိုယ်နဲ့ ခဏလိုက်ခဲ့ပါလား"

သူ့ဆီက ခွင့်ပြုချက်မရခင် ဆွဲခေါ်သွားသော လက်တစ်စုံသည် မသုံးတာကြာပြီဖြစ်သည့် ဆေးရုံ၏ အခန်းလွတ်တစ်ခုဆီသို့။ တင်းကျပ်စွာ ဆုပ်ကိုင်ထားသော လက်ကြောင့်ရော၊ သူတစ်ခါမှမမြင်ဖူးသည့် သူနာပြုချွဲ၏ ပုံစံကြောင့်ပါ သူရုန်းဖို့တောင် မတွေးမိဘဲ ကြောင်အနေမိသည်။

အခန်းထဲ အတင်းဆွဲခေါ်ပြီးနောက် နံရံပေါ်သို့ သူ့ကိုယ်ငယ်အား ဆွဲကပ်ခံလိုက်ရတော့မှ ဂျီမင်း အသိဝင်လာတော့၏။

PETRICHOR || VMINWhere stories live. Discover now