💟 အပိုင်း 13 💟

10.2K 291 2
                                    

Unicode:

ချစ်ခြင်းတို့ရဲ့ မိုးကောင်းကင်

💟 အပိုင်း 13 💟

Bathtub ထဲ နှင်းဆီပွင့်ဖတ်တွေ
အပြည့်ရှိနေပြီး ဘေးဘောင်ပေါ်တွင်တော့၀ိုင်ခွက်လေးက နှစ်ခွက် နှင့် အသက်ရှူသံခပ်ပြင်းပြင်းတို့က ရေချိုးခန်းထဲ ကျယ်လောင်စွာမြည်ဟည်းနေသည်။

အ၀တ်ဆို၍ နှစ်ယောက်လုံး ဗလာနတ္ထိဖြစ်နေပြီး အို့အို့မှာ မောင့်ရင်ခွင်ထဲ ကျုံ့ကျုံ့လေး နေနေရရှာသည်။

ကျက်သီးဖုလေးတွေ ထနေသည့် အို့အို့ရဲ့ ပခုံးသား၀င်း၀င်းလေးကို သဘောကျစွာဖြင့် မိုးသား သူ့နှုတ်ခမ်းနှင့် အရာလေးထင်ကျန်ရစ်စေရန် စုပ်နမ်းလိုက်မိ၏။

"မောင်"

"ချစ်တယ်အို့အို့ရယ် "

မောင့်လက်တွေက အို့အို့ ရင်ဘတ်မို့မို့လေးကို သိုင်းဖက်လာသည့်အခါ အို့အို့နေရာမှာတင် အငွေ့ပျံချင်တဲ့အထိ
ဖြစ်သွားရသည်။

တကယ်တော့ မောင်နဲ့အို့အို့ကြား အိမ်ထောင်သက်တမ်းက 5နှစ်ပြည့်တော့မယ် ဆိုပေမယ့် အတူတူနေခြင်းဆိုတာ
အို့အို့တို့အတွက် စိမ်းသက်သည့် ဝေါဟာရတစ်ခုလိုပင် ရှိသေးသည့်အနေအထား.....

ကိုယ်၀န်ရှိလို့လက်ထပ်ခဲ့ရပြီး သမီးလေး
မွေးပြီးတဲ့အချိန် အို့အို့က 4နှစ်ကြာ coma ၀င်သွားခဲ့ရ၍ အို့အို့ရော မောင်ရော အခုမှ မင်္ဂလာဦးညကို ပြန်ဆင်နွှဲနေရသလိုပင်......

"အို့အို့...."

"ဟင်....."

"မောင့်ကိုခွင့်ပြုမယ်မလားဟင်"

"မောင်ကလဲ အို့အို့ခွင့်ပြုလို့ အခုဒီလို အခြေအနေနဲ့ ရှိနေပြီပဲကို "

အို့အို့လက်ခံလိုက်သည်နှင့် မောင်က
အို့အို့ကို ရေချိုးခန်းထဲမှပွေ့ချီသွားပြီး နူးညံ့အိစက်နေသည့် မွေ့ရာပေါ် အသာချပေးလိုက်သည်။

ထို့နောက် အို့အို့ မျက်နှာအနှံ့ မေ့မေ့မူးမူး
နမ်းရှိုက်ရင်း နောက်ဆုံး နှုတ်ခမ်းပါးလေး
အလှည့်တွင်တော့ အို့အို့လဲ မောင့်အနမ်းတွေကို ပြန်လည် တုံ့ပြန်မိရင်းနဲ့ပဲ ဒီညအတွက်အချစ်ခရီးရှည်ကြီးကို နှစ်ကိုယ်တူလျှောက်လှမ်းမိခဲ့ကြသည်။

💟 ချစ်ခြင်းတို့ရဲ့မိုးကောင်းကင် 💟Where stories live. Discover now