💟 အပိုင်း 4 💟

20.3K 532 5
                                        

Unicode

ချစ်ခြင်းတို့ရဲ့ မိုးကောင်းကင်
💟 အပိုင်း 4 💟

ခွပ် ဆိုသော မြည်သံနှင့်အတူ မိုးသား ကြမ်းပြင်ပေါ်သို့ လဲကျသွားရသည် ။

"ဟေ့ကောင် မင်း အဲ့ဒီ ပိုက်ဆံ ၂၅ သိန်း ကို တစ်ညနေထဲနဲ့ ဘာလုပ်ပစ်လိုက်လဲ .... "

"ကိုရယ် သားကို အေးအေးဆေးဆေး မေးပါ ...."

"မင်း သားဘက်ကနေ ကာစီးကာစီး မလုပ်နဲ့မေ .... ဒီကောင် အဲ့လောက်ထိ ပိုက်ဆံကို သုံးဖြုန်းနေတာမျိုး ငါလုံး၀ ခွင့်မပြုနိုင်ဘူး .... တစ်ညနေပဲ ရှိသေးတယ် ငွေ ၂၅သိန်းဆိုတာကို အစအနမကျန်အောင် ဖျောက်ပစ်လိုက်ရအောင် သူ့အဖေငါက ပိုက်ဆံကို တွင်းထဲက နှိုက်ထားရတာ မဟုတ်ဘူး .... မင်းကို ငါပြောနေတယ်လေ မိုးသားကောင်းကင် အဲ့ပိုက်ဆံတွေကို မင်း ဖဲရိုက်လိုက်တာ ဘောလုံးပွဲလောင်းပစ်လိုက်တာလား "

"ဟွန့် ဒယ်ဒီထင်တာမှန်သားပဲ
...ဟုတ်တယ် သား အဲ့ပိုက်ဆံတွေ အားလုံးကို ဘောလုံးပွဲလောင်းပစ်လိုက်တာ.... တစ်ပြားမှ မကျန်တော့ဘူး အကုန်ကုန်သွားပြီ အဲ့တော့ ဒယ်ဒီဘာလုပ်ချင်
လဲ "

"မေ မင်းကြည့်စမ်း ...ဒါ ဖအေကို
သားတစ်ယောက်က ပြောရမယ့် စကားလား....မင်းသားကို ငါထပ်ထိုးရရင်
သေတော့မယ်"

"မလုပ်ပါနဲ့ အဖေရယ် အို့အို့ တောင်းပန်ပါတယ် .... မိုးသားကို ထပ်မလုပ်ပါနဲ့တော့နော် အို့အို့ရှိခိုးပြီးတောင်းပန်ဆို
တောင်းပန်ပါ့မယ် "

မိုးသားကို အဖေထပ်ထိုးမည်ဆိုး၍
အို့အို့ အဖေရှေ့ ဒူးထောက်ချကာ
လက်အုပ်လေးချီပြီး တောင်းပန်လိုက်မိသည်။

"တော်ပါတော့ ကိုရယ် စိတ်ကိုထိန်းပါ ပတ်၀န်းကျင်ကြားလို့လဲ မသင့်တော်ပါဘူး....."

"သမီး အို့အို့ မျက်နှာကြောင့် မင်းကို ဒီတစ်ကြိမ်လွှတ်ပေးလိုက်တယ်မှတ်...
အလကား တိရစ္ဆာန်လောက်တောင်မှ
မသိတတ်တဲ့ကောင်... မွေးထားတဲ့ မိဘ အပေါ်လဲ မသိတတ်... ယူထားတဲ့ မိန်းမကိုလဲ မကြင်နာ...မင်းလိုကောင်မျိုးကို မွေးထားကျွေးထားရတာထက် ခွေးမွေးထားတာမှ အားကိုးရဦးမယ် "

💟 ချစ်ခြင်းတို့ရဲ့မိုးကောင်းကင် 💟Where stories live. Discover now