💟 အပိုင်း 6 💟

11.8K 383 1
                                    

Unicode

ချစ်ခြင်းတို့ရဲ့  မိုးကောင်းကင်

💟အပိုင်း 6 💟

"ရေတွေအရမ်းမသောက်နဲ့လေ အို့အို့ ..."

"ဆီးအိမ်တင်းနေမှ ကလေးကဘာလေးလဲဆိုတာ သေချာမြင်ရမှာ မိုးသားရဲ့ ...
အို့အို့ ဆီးအိမ်က သိပ်မတင်းသေးဘူး "

"ရေတစ်ဗူးလုံးကုန်တော့မယ် သောက်ထားတာ ... ပြီးရင် သူ့အလိုလို တင်းလာလိမ့်မယ် ... ထပ်မသောက်နဲ့တော့
တော်ကြာ ultrasound မရိုက်ခင်
မအောင့်နိုင်တော့ဘဲ ပေါက်လိုက်မှ
တစ်ဗူးလုံးသောက်ထားတာတွေ အလကား ဖြစ်သွားလိမ့်မယ် "

"မိုးသားကလဲ "

သူပြောလိုက်တော့မှ အို့အို့က ရေဆက်
မသောက်တော့ပါ .... သူနဲ့အို့အို့ က အခု မာမီ သူငယ်ချင်း သားဖွားမီးယပ်အထူးကု ဆရာ၀န်မကြီးနှင့် ultrasound ရိုက်ရန်  အာယုဆေးရုံသို့ရောက်နေခြင်းဖြစ်သည် ။

ဘေးနားတောက်လျှောက်က သူနဲ့အို့အို့လိုစုံတွဲလိုက်လာသည်ကနှစ်တွဲလောက်ပဲရှိပြီး ကျန်တာ ကိုယ်၀န်သည်တွေချည်းပဲမို့ မိုးသားမျက်နှာ ပူလာပြီး ရှိုးတိုးရှန်းတန်းဖြစ်လာရသည်။

အပေါ်ကိုပျံတက်တော့မယ့် မီးပုံးပျံလို
ဗိုက်ကြီးတွေကိုကြည့်ပြီးလဲ အသည်းယားမိသည်။ အို့အို့ဗိုက်လေးကျတော့လဲ ၆လကျော်လာတာတောင်
သိပ်မပူသေးပါ....

နဂိုထဲက ရှက်ပါတယ်ဆိုမှ အားလုံးရဲ့ မျက်လုံးတွေက သူနဲ့ အို့အို့ဆီ
မကြာမကြာရောက်လာတော့ မိုးသားဒီနေရာက ထွက်ပြေးချင်လာသည် ။

မိုးသားကိုကြည့်ရတာ ကိုယ်၀န်သည်တွေကြားထိုင်နေရတာ စိတ်ကသိကအောက်ဖြစ်နေပုံရသည် ။ ပြီးတော့ အို့အို့တို့ကိုငယ်ငယ်လေးပဲရှိသေးတယ် ဒီလိုအခြေအနေနဲ့လားဆိုတဲ့ အကြည့်မျိုးတွေက မကြာမကြာရောက်လာရတာကို အို့အို့ ခံစားမိသလို မိုးသားလဲခံစားမိမယ်ထင်သည်။

"မိုးသား"

"ဟင်"

"အို့အို့ကိုလေ အောက်က ရွှေပုလ္လင်မှာ တစ်ခုခု သွား၀ယ်ပေးပါလားဟင် ....
အို့အို့ ဗိုက်ဆာလို့ .... အိမ်မှာတုန်းကလဲ ဘာမှ ဟုတ်တိပတ်တိမစားလာရလို့ "

💟 ချစ်ခြင်းတို့ရဲ့မိုးကောင်းကင် 💟Where stories live. Discover now