Part 28 ( လွတ်ငြိမ်းခွင့်)

Start from the beginning
                                    

"ထိုင်ပါ။"

နှစ်ယောက်သားက အန်းလု၏စကားကိုလိုက်နားချင်သော်လည်း ချီရှန်းကိုအရင်မဝံ့မရဲကြည့်လာ၏။ ချီရှန်းက အခက်တွေ့နေသော ထိုနှစ်ယောက်ကိုပြန်ကြည့်လိုက်ရင်း

"ထိုင်ပါ။ ပြောစရာရှိတာ အေးဆေးပြောကြတာပေါ့။ ကိုယ်တော့်ဘက်ကလည်း ပြောစရာတစ်ချို့ရှိနေတာမလို့။"

"ကောင်းပါပြီ။"

လေးယောက်သား ကျောက်သားစားပွဲဝိုင်းပတ်လည်ရှိ ထိုင်ခုံနေရာလေးခုတွင် အသီးသီးနေရာယူလိုက်ကြသည်။ ရာသီဥတုကတိတ်ဆိတ်ငြိမ်သက်နေလေ၏။

တအောင့်နေလေတော့ ဘုရင်ကျင့်ဝမ်ချိုးကပင်စကာ ကျင့်ယိချန်ပုံစံဖြင့်အန်းလုကိုကြည့်လျက်

"ချိုက်အန်းနန်းဆောင်မှာ နာမကျန်းဖြစ်နေတယ်လို့ ကြားထားတာ။ အခုလိုကျန်းမာနေတဲ့ပုံကိုမြင်ရတော့ တကယ်ဝမ်းသာစရာပါပဲ။"

အန်းလုက ထိုစကားကိုကြားတော့ ခေါင်းထောင်လာသည်။ သူ့အားဖခင်တယောက်ကဲ့သို့သော မေတ္တာမျိုးနှင့်ကြည့်နေသော ကျင့်ဝမ်ချိုးအား ပြန်ကြည့်လိုက်ရင်း

"ဗျာ.... ကျွန်တော်လား။ "

အန်းလုက ချီရှန်းကိုကြည့်လိုက်သည်။ ချီရှန်းက အန်းလုကိုကြည့်နေရင်းမှ ကျင့်ဝမ်ချိုးအားပြန်ကြည့်လိုက်ရင်း

"ကိုယ်တော်ကပဲ ကိုယ်လုပ်တော်ကျင့်ကို သေချာစောင့်ရှောက်ကာကွယ်ပေးနေတာမလို့ အခုဘုရင်ကျင့်ဝမ်ချိုးက တသီးတသန့်ကြီးစိတ်ပူပေးနေစရာမလိုတော့ပါဘူး။ "

"ဒီလိုတော့လည်း ဘယ်ဟူတ်ပါ့မလဲ အရှင်လီချီရှန်း........ ဘာပဲဖြစ်ဖြစ် အားချန်က အခုထိကျွန်တော်မျိူးမတို့ ရဲ့ အဖိုးတန်သားတော်တစ်ပါးဖြစ်နေတုန်းပဲလေ။ ပြီးတော့ ကျွန်တော်မျိုးမတို့နဲ့ အရှင်လီချီရှန်းကလည်း သမတ်တော်နဲ့ ယောက္ခမတော် အနေအထားမှာရှိနေသေးတာပဲမလား။ "

ရုတ်တရက်ပင် မိဖုရားခေါင်ကြီးက ကြားဖြတ်ကာပြောလိုက်လေ၏။ ချီရှန်းတို့သုံးဦးသားက သူမကိုဦးတည်ကာကြည့်လာသည်။ သူမက ဆက်ပြောလေ၏။

LOVE, BUT HURT (Season 3)_ The Last Begin_[Completed] Where stories live. Discover now