"ဂျီမင်း"

"ဗျာ"

"စတိုခန်းထဲက ဒီတံဆိပ်နဲ့ ဆေးပုလင်းလေးသွားထုတ်ပေးပါလား တတိယမြောက် ဗီဒိုအပေါ်ဆုံးဆင့်မှာ ဖန်ပုလင်းလေးတွေရှိတယ် အဲ့ထဲက တစ်ပုလင်းယူလာခဲ့ပေးနော်"

"အပိုယူခဲ့ရဦးမလား"

"ရတယ်ဂျီမင်း မနိုင်ပဲနေမယ် နောက်မှကျန်တာ သူနာပြုချွဲကို ယူခိုင်းလိုက်မယ်"

"ဟုတ် ဟုတ်"

ဤသို့ဖြင့် ဆေးရုံအနောက်ဘက် အဆောင်သို့ သူထွက်လာခဲ့လိုက်သည်။ စတိုခန်းရှိရာအဆောင်သို့ရောက်သည့်အခါ အနောက်ကနေ တစ်စုံတစ်ယောက် လိုက်လာသလို ခံစားလိုက်မိသည်မို့ သူ ခြေလှမ်းများအား အနည်းငယ်နှေးလိုက်ပြီး အနောက်လှည့်ကြည့်တော့ မည်သူမှမတွေ့ရ။

ဆေးရုံဖြစ်သည်မို့ သရဲတွေ ဘာတွေများ ရှိနေနိုင်သည်မဟုတ်ပါလား။ သတ္တိခဲလေးခင်မျာ  ဘုရားတရားတရင်း စတိုခန်းရှိရာသို့ ခြေလှမ်းသွက်သွက်ဖြင့် ဆက်သွားလိုက်ရသည်။

အထဲရောက်တော့ အန်တီနိုရီမှာခဲ့သည့်အတိုင်း တတိယမြောက်ဗီဒိုကိုလည်း ရှာတွေ့သည်။ ဗီဒိုအပေါ်ဆုံးက ဆေးပုလင်းများကိုလည်း တွေ့သည်။ သို့သော် ခတ်နေသည့် တစ်ခုသော အကြောင်းအရင်းမှာ ၊

သူမမှီဘူး . . ။

"အမေရေ့ . . အမေ့သားကို ဘာလို့ဒီအရပ်မှာ ရပ်နေအောင်မွေးခဲ့ပါလိမ့်"

ကောင်းကင်မှာရှိနေမည့် အမေဖြစ်သူထံ ဆူဆူပုတ်ပုတ်ဖြင့် တပြီးနောက် ပတ်ဂျီမင်းလေးသည် ကိုယ့်အားကိုယ်ကိုးကာပင် ခြေဖျားထောက်ရပေတော့မည်။ ဆေးပုလင်းအား မနည်းခြေဖျားထောက်ကာ ယူနေရသည့် ပုပုလုံးလုံးလေးဟာ ကျိန်းသေပေါက် အထက်တန်း နောက်ဆုံးနှစ် ကျောင်းသားပါလေ။

အွန်း . .  အီး . . ဟိုက်ယား . .

အံကြိတ်ကာ အားရပါးရ ကြိုးစားနေရှာသော ကောင်လေးသည် အီးမှန်ထားသော မျက်နှာထားဖြင့် ပါးစပ်မှလည်း အသံပေါင်းစုံအား ထုတ်လွှတ်နေသေး၏။ လက်လေးများဟာ ထောင့်နားက ပုလင်းအား မှီခါနီးအချိန်၌၊

PETRICHOR || VMINWhere stories live. Discover now