မနက်ခင်း နေမင်းရဲ့အလင်းရောင်များက ပြတင်းပေါက်ကိုဖြတ်၍ အခန်းအတွင်းသို့ဖြာကျနေလေသည်။
မင်းခ အိပ်ရာကထပြီး အဖြူရောင်လိုက်ကာအရှည်ကို အဆုံးထိပိတ်လိုက်လေသည်။
သူ လိုက်ကာချပြီး စိတ်မရှည်စွာဘဲ အိပ်ရာထဲ ပြန်ဝင်သွားလိုက်တယ်။
မျက်လုံးမှိတ်မှိတ်ချင်းမှာဘဲ ဖုန်းသံကြောင့် တဖန်ပြန်ထရလေတော့တယ်။
ဖုန်းပေါ်မှာပေါ်နေတဲ့နာမည်က ဒေါ်မဒီထည်တဲ့။
မင်းခမှာ personalကိစ္စသုံးတဲ့ဖုန်းနဲ့ အလုပ်ကိစ္စတွေအတွက်သုံးတဲ့ဖုန်းဆိုပြီး နှစ်လုံးရှိတယ်။
အခုသူ့ဆီမှာရှိနေတဲ့ဖုန်းက အလုပ်ကိစ္စအတွက်သုံးတဲ့ဖုန်း။
မင်းခ ဖုန်းကို စိုက်ကြည့်ပြီး ခနလောက်တွေးဆကာ ဖုန်းကိုင်ဖို့ဆုံးဖြတ်လိုက်လေတယ်။
"ဟယ်လို သား မင်းခဘယ်တွေရောက်နေတာလဲ"
"ကျွန်တော်....."
မင်းခဘာပြောရမှန်းမသိပေ။ သူသက်ခအမေကိုတစ်ခါမှစကားကောင်းကောင်းမပြောဖူးဘူး။
ဒါပေမဲ့ ဒေါ်မဒီထည်က ဘယ်တုန်းကမှ သူ့အပေါ်စိတ်မပျက်ခဲ့ဘူး။"သားအဖေပြောပြလို့ အမေအကုန်လုံးသိပြီးပြီ
ဘာတွေကဘဲဘယ်လိုဖြစ်နေပါစေ သားအပေါ်ထားတဲ့အမေတို့သဘောထားကမပြောင်းလဲသွားပါဘူး"သက်ခအမေက သူ့ကိုယ်သူ အမေလို့သုံးနှုန်းပေမဲ့ မင်းခကတစ်ခါမှ သက်ခအမေကို အမေလို့မခေါ်ဖူးဘူး။
"ဒါပေမဲ့ ကျွန်တော်က......
အ..အဖေ့ရဲ့ သားအရင်းမဟုတ်ဘူးတဲ့လေ
အဖေကျွန်တော့်ကိုသူ့သားလို့ သတ်မှတ်ပါဦးမလား""သားစဥ်းစားကြည့် တစ်သက်လုံးကျွေးမွေးစောင့်ရှောက်ပြီးသံယောဇဥ်ရှိလာတဲ့သူတစ်ယောက်ကို သွေးသားမတော်စပ်တာနဲ့ စွန့်ပစ်လိုက်မယ်ဆိုတာ ဖြစ်နိုင်လား"
"........"
"သားက အမေတို့နဲ့ သွေးသားမတော်စပ်ရင်တောင် သားကအမေတို့သားပါဘဲ"
YOU ARE READING
ZEROTHREE
Romanceမီနာကအထက်တန်းကျောင်းသူတစ်ယောက်ဖြစ်တယ် တစ်နေ့သူgameဆော့ပြီး အိပ်ပျော်သွားပြီးပြန်နိုးလာတော့ သူမသိတဲ့နေရာကိုရောက်နေတာတွေ့လိုက်ရတယ် system ဆိုတဲ့အရာကလုပ်ခိုင်းတာတွေကိုရောသူလုပ်နိုင်ပါ့မလား သူ့ရဲ့မူလကမ္ဘာကိုရောပြန်သွားနိုင်ပါ့မလား မီနာကအထက္...