Arc 2(5)

1.1K 141 4
                                    

သက်ခအ​ဖေက အခုရက်ပိုင်းသက်ခအ​ပေါ်ပို​ကောင်းလာသလိုဘဲ။
မင်းခအ​မေအ​ကြောင်း သိသွားလို့လား​တော့မသိဘူး။

ပြီး​တော့ မင်းခကလည်း သက်ခဟို​နေ့အရက်မူးပြီးထဲက ​နောက်ဆိုအရက်ထပ်မ​သောက်နဲ့ဆိုပြီး​ပြောပြီး အပြင်ကိုသွားချင်ရင်လည်းသူလိုက်ပို့မှ သွားရတယ်။

ဘာ​တွေ ဘယ်လိုဖြစ်ကုန်လဲလည်း မသိ​တော့ပါဘူး။

ဒီကြားထဲ systemကလည်း ကိစ္စရှိလို့ဆိုပြီး
ခနခန ​ပျောက်​ပျောက်သွားတယ်။

အဲ့​တော့ သက်ခတစ်​ယောက် missionပြီး​အောင် သူ့အစီအစဥ်နဲ့သူသာ လုပ်​နေရ​လေတယ်။

ဦး​အောင်ခနဲ့လည်း အဆင်​ပြေပြီး မင်းခနဲ့လည်းအဆင်​ပြေ​နေတယ်ဆို​တော့ ပိုးသက်ဖြူကို
ကလဲ့စား​​ချေမဲ့ကိစ္စ မြန်မြန်အ​ကောင်အထည်​ဖော်မှဖြစ်​တော့မယ်။

ဘယ်လို ကလဲ့စား​​​ပြန်​ချေမလဲဆိုတာက​တော့ ဖြည်းဖြည်း​ပေါ့ ဖြည်းဖြည်းချင်း သူ့မျက်နှာဖုံး​တွေကို ကွာကျသွား​အောင်လုပ်ပြီး သက်ခခံစားရသ​​လောက် ပြန်ခံစားရ​အောင်လုပ်မှာ...

ည​နေ​မှောင်ရီပျိုးချိန်တွင် clubတစ်ခု၌ လူငယ်တစ်စု ​သောက်စား​ပျော်​ပါး​နေကြ​လေသည်။

ထိုအချိန် လူငယ်တစ်​ယောက်​ သူတို့ဝိုင်းကို ​ရောက်လာ​လေသည်။

'ငါတို့က မင်းလာမှလာပါ့မလားလို့'

'ငါ့ကိုဖိတ်တယ်ဆို​တော့လည်း လာရမှာ​ပေါ့'

ထိုလူငယ်အုပ်စုက​တော့ သက်ခ အတန်းက လူများဖြစ်ပြီး ​ရောက်လာတဲ့ လူငယ်က​တော့ သက်ခဖြစ်သည်။

ဒီ​နေ့ အတန်းထဲက​ကျောင်းသားတစ်​ယောက်ရဲ့​မွေး​နေ့ဖြစ်တာ​ကြောင့် အတန်းထဲကလူများအားလုံးကိုဖိတ်ထားခြင်းဖြစ်သည်။

​သေချာ​ပေါက် အားလုံးလာကြတာ​ပေါ့
​မွေး​နေ့ရှင်က နာမည်လည်းကြီးပြီး အသိုင်းအဝိုင်းကြီးထဲကလည်းဟုတ်တာကိုး...

သက်ခက​တော့ မလာလည်းကိစ္စမရှိဘူး။
ဒါ​ပေမဲ့ လုပ်စရာရှိတာ​ကြောင့် လာခဲ့တာဖြစ်တယ်။

ZEROTHREEWaar verhalen tot leven komen. Ontdek het nu