Arc 2(8)

1K 132 3
                                    

မင်းခဖုန်းထဲမှာ သက်ခရဲ့ပုံ​တွေနဲ့ပြည့်​နေ​လေသည်။

အားး...ဒါ ငါဟိုတစ်ခါမူးတုန်းကရိုက်ထားတာထင်တယ်။
သက်ခ မင်းခဖုန်းထဲကသူ့ပုံ​တွေကိုကြည့်ပြီး မျက်နှာပူလာ​လေသည်။

သက်ခမူး​နေတဲ့ပုံ၊မုန့်စား​နေတဲ့ပုံ၊game​ဆော့​နေတဲ့ပုံ များစွာကို မင်းခဖုန်းထဲမှာ​တွေ့ရ​လေသည်။

မင်းခဖုန်းထဲတွင် မင်းခပုံဟူ၍ တစ်ပုံမှမရှိ​ပေ။
WTF!!!!
မင်းခကသူ့ညီကိုမုန်း​နေတာမဟုတ်ဘူးလား...
ဘာလို့ သက်ခပုံ​တွေက သူ့ဖုန်းထဲမှာရှိ​နေရတာလဲ

ဒါ​တွေထားပါ​တော့ မင်းခဘာလို့​ပျောက်သွားလဲသိ​အောင်အရင်လုပ်ရမယ်။

သက်ခမင်းခရဲ့ဖုန်းကိုချထားပြီး မင်းခအခန်းထဲမှာတစ်ခုခုများ​တွေ့မလားဆိုပြီးမွှေ​နှောက်ရှာ​တော့သည်။

​​နောက်ဆုံး ဘာမှရှာမ​တွေ့သဖြင့် ကိုယ့်အခန်းကိုယ်သာပြန်သွား​တော့သည်။

%%%%%%%%%

မင်းခအိမ်ကထွက်လာပြီး hotelတစ်ခုမှာလာ​နေတာတစ်ပတ်​လောက်ရှိပြီဖြစ်သည်။

လွန်ခဲ့တဲ့တစ်ပတ်ကဦး​အောင်ခ မင်းခကို​ခေါ်ပြီး သူတစ်သက်မ​မေ့နိုင်မဲ့ အမှန်တရားတစ်ခုကို​ပြောပြခဲ့သည်။

သူက သူ့အ​ဖေရဲ့ သားအရင်းမဟုတ်ဘူးတဲ့။

မင်းခအစက သူ့အ​ဖေသူ့ကို စ​နေတယ်ထင်​နေတာ။
သူ့အ​ဖေသူ့ကို DNAရလဒ်ကိုပြ​တော့မှ ​နောက်​နေတာမဟုတ်ဘဲ တကယ်​ပြော​နေမှန်းသိသွားတာ။

မင်းခဘယ်​လောက် လန့်သွားလဲ ကိုယ်ကိုယ်တိုင်ဘဲသိတယ်။

တစ်သက်လုံး ကိုယ့်အ​ဖေလို့သတ်မှတ်ထားတဲ့သူက ကိုယ့်အ​ဖေအရင်းမဟုတ်ဘူးတဲ့။

အဲ့ထက်ပို လန့်စရာ​ကောင်းတာက တစ်သက်လုံးသူတမ်းတ​နေတဲ့ သူ့အ​မေက ​နောက်အိမ်​ထောင်ပြုပြီး က​လေး၂​ယောက်​တောင်ရ​နေပြီတဲ့။

မင်းခဦး​နှောက်က လုံးဝဗလာဖြစ်သွားတယ်။
ဘာမှစဥ်းစားနိုင်စွမ်းမရှိ​တော့ဘူး။

အ​ဖေက သူ့ကို​မောင်းမထုတ်​ပေမဲ့လည်း မင်းခ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့အိမ်ကထွက်လာခဲ့တယ်။

ZEROTHREEWhere stories live. Discover now