Arc 1(9)

1.5K 141 4
                                    

မီနာတစ်​ယောက်​မေ့လဲသွား​ပေမဲ့ Systemနှင့်​တော့ စကား​ပြောလို့ရ​​နေသေးသည်။

[ဟဲ့ သူတို့သုံး​ယောက်က ဘာလို့ဒီ​လောက်ငြင်း​နေကြတာလဲ သူတို့ငြင်းလို့​ကောင်း​နေတာနဲ့ ငါ​မေ့လဲသွားတာ​တောင်မသိကြဘူး]

[ကျွန်​တော့်host​လေးသနားပါတယ် ​hostမေ့လဲသွားတာ​တောင်သူတို့ကမသိကြဘူး]

[​အေးဟယ် အံ့သြပ သူတို့​တွေကိုငါသတ်လိုက်လို့ရလား]

[Host စိတ်​လျှော့ပါ OOCဖြစ်လို့မရဘူး​နော် အရင်အက်စတာက လူသတ်ဖို့​နေ​နေသာသာ ခြင်​တောင်မသတ်​လောက်ဘူး]

[OOCဖြစ်လို့မရလို့သာ​ပေါ့ ​အေး.. ရများရခဲ့ရင်
ဒင်းတို့သုံး​ကောင် ငါ့လက်သီးစာမိ​နေ​လောက်ပြီ]

[စိတ်​အေး​အေးထားပါhost
အသက်​လေးကိုပုံမှန်​လေးရှူလိုက်]

[ငါက အိပ်လိုက်စားလိုက်နဲ့ မူလအက်စတာမှာ နှလုံး​​ရောဂါရှိတာ​မေ့သွားတာ အခုမှ​ရောဂါပြန်​ဖောက်လာတယ်ထင်တယ် ငါလည်းဘာမှများများစားစားမလုပ်ရ​သေးပါဘူး ​ကျောင်း​လေးပတ်ပြီး ​လှေကား​လေးတက်လိုက်တာကို အ​မော​ဖောက်သွားတယ်
ဒီလိုမျိုး အားနည်းတာကိုမကြိုက်ဘူး
System​ရေ အက်စတာ့နှလုံး​ရောဂါကို ​ပျောက်​အောင်လုပ်​ပေးလို့မရဘူးလား]

[အက်စတာ့ ​ရောဂါက​ ​မွေးရာပါ​ရောဂါဖြစ်တာ​
ကြောင့် ပျောက်​အောင်လုပ်​ပေးလို့ မရပါဘူး
အကယ်၍ တစ်ခုခုထိခိုက်တာတို့ဘာတို့ဖြစ်လို့ ဒဏ်ရာဖြစ်သွားတာတို့ ထိခိုက်သွားတာတို့ဆိုရင်​တော့ ​ပျောက်​အောင်လုပ်​ပေးလို့ရပါတယ်]

[​အေးပါ ​ပျောက်​အောင်လုပ်​ပေးလို့ မရဘူးဆို​တော့လည်း ဘယ်တတ်နိုင်ပါ့မလဲ]

[ဒါ​ပေမဲ့ ​နောက်ကြရင် hostမှာရှိတဲ့အမှတ်​တွေနဲ့ လိုအပ်တာ​တွေဝယ်လို့ရပါတယ် ဝယ်လို့ရတာ​တွေထဲမှာ ရုပ်၁၀ဆပို​ချောတဲ့​ဆေးတို့ ​ရောဂါ​တွေ​ပျောက်တဲ့​ဆေးတို့ရှိပါတယ် ​နောက်ကြမှဝယ်ထားပြီး ​နောက်ကမ္ဘာ​တွေကြရင်သုံး​ပေါ့ ဒီကမ္ဘာမှာ​တော့ပြင်လို့မရ​တော့ပါဘူး]

[​အေးပါ ငါလုပ်လိုက်တာ ဇာတ်​ကြောင်းက​တော်​တော်​ပြောင်းသွားတာဘဲ​နော်
Roseကလည်း လူ​ကောင်းဖြစ်သွားတဲ့အပြင်
ဇာတ်လမ်းမှာ ​သေချာ​တောင်မ​ဖော်ပြခံခဲ့ရတဲ့Jamesကလည်း အက်စတာ့အစ်ကို​တောင်ဖြစ်သွား​သေးတယ် ]

ZEROTHREEWhere stories live. Discover now