Chapter -25

1.2K 113 1
                                    


ဘဲကြီးအိမ်ကိုသူရောက်တော့ ညနေငါးနာရီလောက်ရှိပြီထင်သည် သူကားကိုမြန်မြန်ဆန်ဆန် ပါကင်ထိုးလိုက်ပြီး ဓာတ်လှေကားထဲဝင်လိုက်သည် ဘဲကြီး လူမရှိသူမရှိအချိန် အိမ်မှာတစ်ယောက်ထဲ ဘာတွေလုပ်နေမလဲဆိုတာသိချင်မိ၍ သူအိမ်တံခါးကိုခပ်ဖြေးဖြေးဖွင့်ပြီး သူခိုးခြေလှမ်းနဲ့အိမ်ထဲကိုဝင်လိုက်တယ် ဧည့်ခန်းမှာ သူအတင်းဝယ်ခိုင်းလို့ ဝယ်လိုက်ရတဲ့ TVကဖွင့်လျှက်သားရှိနေပြီး ဘဲကြီးအိပ်ခန်းကို ဖြေးဖြေးလေးဖွင့်ကြည့်လိုက်တယ် သို့ပေမဲ့ ဘဲကြီးကိုမတွေ့ ရေချိူးခန်းထဲရှိနေမလားဆိုပြီး လိုက်ရှာကြည့်လဲမတွေ့ တာကြောင့် အိပ်ခန်းနဲ့တစ်ခန်းကျော်မှာရှိတဲ့ ဘဲကြီးစာကြည့်နေကျနေရာကို သူသွားလိုက်တယ် ဘဲကြီးကတစ်ယောက်ယောက်နဲ့ စကားအချေအတင်ပြောနေပုံရတာကြောင့် သူလန့်ဖြန့်သွားပြီး တံခါးကြားထဲကနေချောင်းကြည့်မိသည် ဘဲကြီးက သူ့ကိုကျောပေးထားတဲ့ သတ်လတ်ပိုင်းအမျိူးသမီး တစ်ယောက်နဲ့စကားများနေသည် ဘဲကြီးထိုအမျိူးသမီးကိုခေါ်တာက "စိမ်း"တဲ့

"မင်း သားကိုအိမ်ထဲမှာချူပ်နှောင်ထားတာငါသိတယ် မင်းတို့ဘယ်နှစ်ကြိမ်ဘယ်နှစ်ခါလောက် ဒီကိစ္စကိုလုပ်ခဲ့ပြီးလဲငါမသိ​ပေမဲ့ သားကို
အခုမှသိတဲ့ငါတောင် သားစိတ်အခြေအနေဘယ်လိုရှိလဲဆိုတာခန့်မှန်းတက်တယ် မင်းတို့သူ့ကိုဘယ်လိုမျိူးတွေပျိူးထောင်လာလို့ သူအခုလိုတွေဖြစ်နေရတာလဲ"

"နင့်မှာငါတို့ကိုဝေဖန်ပိုင်းခြားနိုင်လောက်တဲ့ အခွင့်အရေးဆိုတာမရှိဘူး ငါအခုဒီကိုလာခဲ့ရတဲ့အကြောင်းအရင်းက နင်သားနဲ့ဘယ်တော့မှမပတ်သတ်ဖို့ပဲ သားဆီဘယ်တော့မှဆက်သွယ်ဖို့မကြိုးစားနဲ့ မဟုတ်ရင် နင်မရှာနိုင်တဲ့တစ်နေရာကို ငါသူ့ကိုပို့ပစ်လိုက်မှာ"

ထိုအမျိူးသမီးအသံက သူ့အန်တီလေးနဲ့တော်တော်ဆင်ပြီး ထိုအမျိူးသမီးရဲ့နောက်ကျောပုံစံကတောင် ဆင်တူတာကြောင့် သူထင်ယောင်ထင်မှား ဖြစ်နေတယ်လို့ပဲ ထင်ခဲ့တယ် သေချာကြည့်မိတော့မှ အဲ့ဒါကအန်တီလေးရဲ့အဝတ်အစားတွေပဲ ဒါပေမဲ့ လောကကြီးမှာ နာမည်တူမခြားလူတူမခြားတွေအများကြီးရှိတယ်မဟုတ်လား သူခြေထောက်တွေ အဲ့လောက်ထိတုန်ယင်မနေသင့်ဘူး

No Reason(Unicode)(Completed)Where stories live. Discover now