Chapter-4

2K 163 2
                                    

"ရဲရင့် ရုပ်ရှင်သွား ကြည့်ရအောင်"

"နော်လို့ ...နော်လို့.. နော်"

"အွတ် "

မနက်ကထဲက ကဂျီကဂျောင်လာလုပ်နေတဲ့ အစ်ကို ဖြစ်သူကြောင့် ရဲရင့်နေဇင်အန်ချင်သလို ပုံစံ တစ်ချက်လုပ်ပေးလိုက်သည် ဘယ့်နှဲ့သူ့ကိုများ" မင်းမိုးည" အောက်မေ့ နေလားမသိ

"လိုက်မှာလား မလိုက်ဘူးလား "

"မလိုက်ဘူး"

"ငါတစ်ယောက်ထဲမကြည့်ချင်လို့ပါကွာလုပ်ပါတစ်ခါတည်း"

"အထီးကျန် လို့ပါကွာ"

"ငါ ကဘာလို့ ကိုဆက်နဲ့သွားရမှာလဲ ငါ့ကောင်မလေးနဲ့သွားမှာပေါ့ သွားချင်ရင် ကိုဆက် ဘဲကြီးခေါ်သွား"

"မင်း...အဲ့လိုကြေးလားရတယ်တစ်ယောက်ထဲသွားမယ်"

အခန်းထဲ ဝင်လာပြီးမနက်ထဲကပွစိပွစိ လာလုပ်နေတဲ့ ကောင်းဆက်ပိုင်ကို ရဲရင့် တစ်ချက်ထဲနဲ့ အလဲထိုးပြီးနှင်လွှတ်ထုတ်လိုက်တာကြောင့် ကောင်းဆက်ပိုင်မှာ တစ်ချက်နင်သွားရပြီး အပြစ်မရှိသေါတံခါးအား ပြင်းပြင်းထန်ထန်ဆောင့်အောင့်ပိတ်လိုက်သည်။

"ညီတစ်ယောက်ရှိတာ ဘာမှသုံးစားလို့လည်းမရ"

ဟူဒီအပွကြီးဝတ်ကာ လမ်းမှတွေ့သမျှခွေးအစ
အမှိုက်အဆုံး သူ၏ကန်ချက်နှင့်မလွတ်ကင်း
ပါးစပ်မှပေါက်ပေါက်ဖောက်သလိုရေရွတ်နေ
သော ခွေးပေါက်အား စနောက်လိုသည့်ဆန္ဒများ
တဖွားဖွားပေါ်လာသဖြင့်မင်းမိုးညကားကိုခပ်နှေးနှေးမောင်းကာ နောက်ကတောက်လျှောက်လိုက်လာခဲ့သည်..သူ့နောက်က ကားတစ်စီးလုံးပါတာတောင်သိပုံမရတဲ့ခွေးပေါက်က ဘာတွေများဒီလောက်ထိဒေါသထွက်နေရတာပါလိမ့်

တီ.......

မင်းမိုးည ကားဟွန်းကိုတစ်ချက်ထဲအကြာကြီးတီးလိုက်လို့ ဆက်ခနဲ့ကော့တက်သွားတဲ့ကျောပြင်အရ အခုမှအသိဝင်လာပုံ။

ကောင်းဆက်ပိုင်​ကနောက်ကိုလှည့်ကြည့်၍မျက်မှုန်တစ်ချက်ကုတ်သည်

"Bro... လန့်လိုက်တာဗျာဖြည်းဖြည်းလုပ်ပါ"

"ဘာတွေ အဲ့လောက်တွေးနေလို့ကားတစ်စီးလုံးအသံတောင်မကြားရတာလဲ "

No Reason(Unicode)(Completed)Where stories live. Discover now