Chapter-11

1.3K 130 2
                                    

အိမ်ရှေ့ပေါ်တီကိုရှေ့ ကားထိုးရပ်သံနှင့်အတူ ကားပေါ်မှဆင်းလာသောလူသားတစ်ဦးရဲ့ကားတံခါးဆောင့်ပိတ်သံ နီရဲနေသောမျက်ဝန်းများကဝမ်းနည်းမှုရဲ့လက္ခဏာတစ်ရပ်အနေနဲ့ပေါ်လွင်ထင်ရှားနေသလို အိမ်အပေါ်ထပ်ဝရံတာရှေ့ မတ်တပ်ရပ်နေသောကောင်လေးတစ်ယောက်ဆီသို့ သူ့ခြေလှမ်းတွေ ဦးတည်လျှောက်လှမ်းလာလိုက်တယ်ထိုကောင်လေးရဲ့ဘေးဘက်တွင် တိတ်ဆိတ်စွာ ရပ်နေလိုက်ရင်း လေတိုက်နှုန်းအချိန်ကြောင့် လူးလွင့်နေတဲ့ သူဆံနွယ်တွေကို တစ်ချက်သပ်တင်လိုက်တယ် ရဲရင့်က သူ့ဘေးမှာ တိတ်ဆိတ်စွာရပ်နေရင်း ခြံရှေ့မျက်ခင်းပြင်ကို အဓိပ္ပါယ်မဲ့ ငေးကြည့်နေတဲ့ သူ့အစ်ကိုကို နှုတ်ဆက်လိုက်တယ်

"ပြန်လာပြီလား"

ကောင်းဆက်ပိုင်က ခေါင်းတစ်ချက်ငြိမ့်ရင်း အ​ဖြေပေးလိုက်တယ်

"အင်း"

ရဲရင့်က တစ်ခုခုမူမမှန်ဖြစ်နေတဲ့ သူ့အစ်ကိုပုံစံကိုသတိထားမိတာကြောင့် ဘာတစ်ခွန်းမှမမေးမိ
ပဲ ကောင်းဆက်ပိုင်ရဲ့ အမူအရာတစ်ခုချင်းစီကို အသေးစိတ်အကဲခတ်နေတယ် 

ကောင်းဆက်ပိုင်က အတန်ကြာမှစကားတစ်ခွန်းကိုလေးတွဲ့စွာပြောလာတယ်

"ရဲရင့် ငါ အားလုံးကိုအဆုံးသတ်လိုက်ချင်ပြီ"

ကောင်းဆက်ပိုင်အပြောကြောင့် ပြန်လည်ငေးကြည့်လာတဲ့ကောင်လေးရဲ့မျက်နှာပေါ်မှာစူးစမ်းမှုတွေအပြည့်

"ဘာကိုလဲ ကိုဆက်"

"အရာအားလုံးပဲ.....သူ့ကိုချစ်တဲ့အချစ်တွေမှန်သမျှ သူ့အပေါ်မျှော်လင့်မိတဲ့ ငါ့စိတ်မှန်သမျှ အားလုံးကိုအဆုံးသတ်ပစ်မယ်"

ဘေးတစောင်းအနေအထားမှ သူ့ဘက်တည့်တည့်ကြည့်ပြောလာသော သူ့အစ်ကိုဖြစ်သူအားကြည့်မိရင်း နှုတ်ခမ်းထောင့်မှဒဏ်ရာသို့သူအကြည့်ရောက်သွားသည်

"ဘာမှမဖြစ်ပါဘူး ဘရို့ဆီကအပြစ်ဒဏ်လေ အန်တီခ ဆီသတင်းပေးမှုတဲ့ ထပ်တိုးအမိန့်အနေနဲ့ လမ်းမှာတွေ့ရင်တောင်မခေါ်ဖို့ စီရင်ချက်ချသွားသေး"

ခပ်ကျဲကျဲ ရယ်ရင်းပြန်ဖြေပေမဲ့ ထိုအရာကဟာသတစ်ခုမဟုတ်တာတော့ ရဲရင့်သဘောပေါက်နားလည်ပါ၏

No Reason(Unicode)(Completed)Where stories live. Discover now