Chapter-2

4.2K 207 1
                                    

အား....

ရုတ်တရက် ထွက်ပေါ်လာသော
ယောက်ျားတစ်ယောက်၏အော်သံကြောင့် သုံးထပ်ရှိတဲ့တိုက်တောင် တုန်ခါသွားလောက်သည်။

"အား..သွားပါပြီ ငါ့ဆံပင်လေးတွေ"

"ပြန်လျော်ပေး ကျွန်တော့်ဆံပင်တွေ"

ယောက်ျားတစ်ယောက်မှာ သူ၏သြောရှသောအသံနှင့်မလိုက်ဖတ်စွာ ချွဲပစ်ဆွဲငင်စွာငိုနေသောကြောင့် အနီးရှိလူသုံးယောက်က စိတ်ပျက်လက်ပျက် ငေးကြည့်နေ​ကြခြင်းဖြစ်သည်။

လွန်ခဲ့သောတစ်နာရီခန့်က...

ခလော...ခလူး..ခလော.."မင်းမိုးည "တစ်ယောက် ဧည့်ခန်းဆိုဖာပေါ်တွင်ကုလားသေကုလားမော အိပ်ပျော်နေခဲ့ခြင်းဖြစ်သည်။သို့သော်...

"မိုးည"ထတော့ အခန်းထဲဝင်အိပ် "

"သားငယ် ထတော့ဒီနေရာမှာအိပ်နေတာလူမြင်မကောင်းဘူး"

"ကိုငယ် ထတော့ကိုငယ့်ကောင်မလေးဖုန်းဆက်တယ်"

နှိုးတဲ့လူသာပြောင်းသွားသည်။မင်းမိုးညတို့ကတုတ်တုတ်တောင်မလှုပ်လေသောကြောင့် သူ၏မိခင်ဖြစ်သူ ဒေါ်ခင်မေခမှာ တစ်မျိူးတစ်မည် ကြံစည်ရတော့သည်။

"နေကြ နေကြ အဲ့ကောင်စုတ်လေးကိုနှိုးမနေနဲ့ငါနဲ့တွေ့မယ်"

ကတ်ကြေးတစ်ချောင်းကိုင်လျှက် "ဒေါ်ခင်မေခ"တစ်ယောက် သားဖြစ်သူ၏လှပသောအနက်ရောင်ဆံနွယ်ရှည်ကြီးများအား အားရပါးရ ညှပ်ချလိုက်လေတော့သတည်း။

မား!

ခင်!

"ဦးထင်လင်းနှင့် သမီးဖြစ်သူ"နွေဥသြ"ထံမှဤစကားလုံးများသာထွက်ကျနိုင်တော့သည်။ထိုအခါမှ ကုလားသေ ကုလားမော အိပ်ပျော်နေသော မင်းမိုးညတစ်ယောက် ငေါက်ခနဲထထိုင်ကာ သိပ်မကြာသေးခင်မှ လှလှပပလေး သူ့ခေါင်းပေါ်တွင်ရှိနေသော သူ၏ဆံပင်များအတွက် ရှုံးပွဲချငိုကြွေးတော့သည်။

"ကျွန်တော့်ဆံပင်တွေ ပြန်လျော်ပေး
မားလုပ်တာမဟုတ်လား ပြန်လျော်ပေး လို့"

"မနက်ဖြန် ကစပြီးရုံးတက်ရတော့မယ် ဒီလမ်းသရဲဆံပင်နဲ့ဝန်ထမ်းတွေက လေးစားမလား"

No Reason(Unicode)(Completed)Where stories live. Discover now