Chapter-16

1.3K 113 2
                                    

အပြန်လမ်းမှာ သိသိသာသာ ပြောင်းလဲနေတဲ့သူတို့နှစ်ယောက်ဆက်ဆံရေးကို"မီးငယ်"ကသတိထားမိပုံရသည် ကားပေါ်တက်ခါနီး တိုးတိုးတိတ်တိတ် လာပြောတဲ့စကားက

"ကိုငယ် တောင်းပန်လိုက်လို့ ပြန်အဆင်ပြေသွားတာလား ကိုဆက် ကိုကြည့်ရတာကိုငယ့်ကိုဂရုစိုက်ပုံပဲအိတ်တွေတောင်သယ်ပေးနေတာ အဟီး"ဟူ၍ သူ၏သွားသုံးဆယ့်နှစ်ချောင်းလုံးပေါ်အောင်ဖြဲပြလာသည်

*တောင်းပန်လိုက်ရတာပေါ့ နင့်အစ်ကိုဘဝတစ်ခုလုံးနဲ့ရင်းပြီးတောင်းပန်လိုက်ရတာလေ*ဟူ၍သူ့ စိတ်ထဲကရေရွတ်ရင်း မီးငယ်ကိုသူ အရေခွံဆွဲစုပ်ချင်စိတ်တွေသာ ပေါက်လာရသည် ဒါတွေအားလုံးကို ရဲရင့်လိုကောင်ကိုရည်းစားလုပ်တဲ့ မီးငယ်အမှားပဲ သူ့ကို "ကိုဆက်" ပါမယ်လို့ကြိုမပြောခဲ့တာလည်း မီးငယ် အမှားပဲ သူတို့နှစ်ယောက်ကိုတစ်ခန်းထဲပေးအိပ်တာလည်း မီးငယ်အမှားပဲဒီလိုဆိုမှတော့ "ကိုဆက်"ကို ချောင်းသာခေါ်လာတဲ့ ရဲရင့်လည်းအမှားမကင်း ကိုဆက် ကတော့ အင်း တကယ်တမ်း ပြောရရင် ကိုဆက်လည်း သူ့လိုပဲနစ်နာသူပင် သူကဖြင့် ရုပ်ပိုင်းဆိုင်ရာတစ်ခုထဲ နစ်နာသေးသည် အချစ်ဆိုသော အရာသည် ထိန်းချူပ်ရနိုင်ရိုးမရှိဆိုသလိုကိုဆက်ကတော့ မတူ ဒီအတောအတွင်း သူ့ကိုချစ်တဲ့စိတ်တွေကို ထိန်းချူပ်ထားရလို့ တော်တော်လေးပင်ပန်းနေမည့်အပြင် ကိုယ်ချစ်တဲ့သူနဲ့ တစ်ခန်းထဲအတူနေရလို့ ဖြစ်လာတဲ့အရိုင်းဆန်မှုတွေကိုထိန်းချူပ်နိုင်ရအောင် ကိုဆက်က အရိယာသူတော်စင်လည်းမဟုတ်ဟူ၍ မင်းမိုးညကတော့ကောင်းဆက်ပိုင်အတွက်အကြောင်းပြချက်ကောင်းတွေကို ကြံဖန်စဥ်းစားနေလိုက်တယ်

အပြန်လမ်းတွင်ပြောင်းလဲသွားခဲ့သည်မှာဤတစ်ခုထဲမဟုတ်ပါလေကားမောင်းသူနေရာတွင် ကောင်းဆက်ပိုင် ကနေရာယူထားသည်
အသွားတုန်းက စကားနည်းသလောက်အပြန်လမ်းတွင်စကားပလွတ်ဆန်အောင်ပြောသူမှာလည်း ကောင်းဆက်ပိုင် ပင်ဖြစ်သည်
ဒါတင်မကသေး လမ်းမှာကားခဏခဏရပ်၍သူ့နဖူးအားလာလာစမ်းသေးသည် ဤအခြေအနေထိသူသည်းခံနိုင်သေးသည်

အခုဟာက

"Bro နာနေသေးလား"

"ရန်ကုန်ရောက်ရင် ဆေးခန်းသွားပြမလား Bro"

No Reason(Unicode)(Completed)Where stories live. Discover now