Chapter (42)

5.3K 552 37
                                    


##Unicode##

Never.....[[ ဘယ်သောအခါမှ ]]
***************************

"ဘာ !ဘာဖြစ်တယ် Uncle မမက မမကလေ!!..."

Phone ကိုသာ ကျိုးကြေမတတ် ရိပေါ်ဆုပ်ကိုင်ထားမိတယ်..။ မငိုပါပဲ ကျဆင်းသွားသော မျက်ရည်ဥတွေသည် ကာယကံရှင်လို ကူရာကယ်ရာမဲ့စွာနှင့်..။ ခြေမချချင်သော China မြေကို ကျွန်တော် နောက်တစ်ဖန် ခြေချရဦးမှာပေါ့..။

"အသက် အန္တရာယ် စိုးရိမ်ရလားဟင်!...."

မတ်တပ်ရပ်နေရာမှ ခြေထောက်တွေ တစ်ဆတ်ဆတ် တုန်လာသည်..။ ပြိုလဲမကျအောင် နံရံကိုမှီလိုက်ပြီး အသက်ကိုမနည်းလု ရှူ​ေနရသည်..။ မမ က အသက်အန္တရာယ် ရှိနေတယ်တဲ့လား?

တစ်ဖက်က Uncleအသံကို ဂရုမပြုနိုင်တော့..၊ ဖုန်းလေးက ကြမ်းပြင်ပေါ် ဂွပ်ခနဲပြုတ်ကျသွားပြီး လူက လေဟာနယ်ထဲ လွင့်စင်သွားသလို..။

"**Sob မမ ဘာ့မှဖြစ်လို့မရဘူး.."

ငိုရလွန်းလို့ ရင်ဘတ်တွေတောင် ထုံကျင်လာတယ်..။ ဒီတစ်ခါတော့ အရင်အချိန်များစွာထက် ရင်ထဲကပို၍ပူသည်..။ မမ...တစ်ခုခုဖြစ်ရင် ကျွန်တော်အစ်ကို့ကို ခွင့်မလွှတ်ဘူး..။

***











Operation ခန်းရှေ့မှာ ခေါက်တုံးခေါက်ပြန် လမ်းလျှောက်နေသော ရှောင်းကျန့်ပုံစံက အနည်းငယ် ကြောက်လန့်ဖို့ကောင်းနေသည်..။ သွေးတွေ စိုလူးနေသော ညအိတ်ဝတ်အင်္ကျီနဲ့ ပွယောင်းယောင်း ဖြစ်နေသော ဆံပင်မွှေးများ..

မျက်ရည်စီးကြောင်းတို့နှင့် ရှုပ်ပွေနေသော ထိုသူမှာ ဖိနပ်လဲရှိမနေချေ..။ အတိုချုံးပြောရရင် သူ့ပုံစံက အရူးတစ်ယောက်နဲ့တောင် ခပ်ဆင်ဆင်..။

"ကျန့်အာ..."

"Uncle. .."

Taxi ကားပေါ်က ဆင်းလာတဲ့ ရှောင်းမုချီ ရင်ခွင်ထဲကို ကလေးတစ်ယောက်လို ခိုဝင်မိသည်..။ သူ့ရင်တွေ အရမ်းပူလောင်နေသော်လည်း လက်ဖျားခြေဖျားတွေဟာ အေးစက်လို့နေတယ်..။

"Uncle ငယ်..ငယ်..တစ်ခုခုဖြစ်မှာ စိုးရိမ်တယ်  ငယ် သာတစ်ခုခု ဖြစ်သွားရင်လေ တိတိ..**Sob တိတိလေးက ကျွန်တော့်ကို မုန်းသွားမှာ..."

"N⃠E⃠V⃠E⃠R⃠ "[[ COMPLETED ]]✔Where stories live. Discover now