Chapter (25)

5.1K 442 69
                                    

## UNICODE ##

Never....[[ ဘယ်သောအခါမှ ]]
***************************

အိပ်ပျော်နေပေမယ့် ခြေထောက်ကိုဆတ်ခနဲ လာထိတယ့် အထိအတွေ့ကြောင့် ရိပေါ့်မှာအိပ်မှုန်စုံမွှားနှင့် မိမိခြေထောက်ကို ငုံ့ကြည့်လိုက်မိသည်..။

မမ ခန္ဓာကိုယ်ထဲမှာ ဖြစ်သော်လည်း ကိုယ်က အအိပ်ဆတ်တော့ နိုးတာပေါ့..။ အစ်ကိုက သူ့ပေါင်ပေါ်ကို ကိုယ့်ရဲ့ညာဘက်ခြေထောက်ကို တင်ထားးရင်း မော့ကြည့်လို့လာသည်..။

ပြီးနောက် လျော့ရဲရဲပြုံးပြလာပြီး..

"ငယ်..က နိုးသွားတာလား?
ကိုယ် ဒဏ်ရာကို ဆေးထည့်ပေးမ​လို့လေ ပြန်အိပ်လိုက်နော်.."

အနည်းငယ် ယောင်နေသော ခြေဖမိုးလေးကို အစ်ကိုက ခပ်ဖွဖွ နှိပ်နယ်ပေးနေတာမို့ ရိပေါ်မှာ အိပ်နေရာမှ ကုန်းရုန်းထရင်း...

"ရတယ်...ငယ် ငရဲကြီးနေဦးမယ် ညနေတုန်းကလဲ ဆေးလိမ်းထားသေးတယ် သိပ်လဲမနာတော့ပါဘူး.."

"ဘာလဲ? ငယ့်ခြေထောက်ကို ကိုင်တာတောင် မကြိုက်တော့ဘူးလား?"

"အဲ့လိုမဟုတ်....ကိုကို..ဟင်.."

ခြေဖမိုးပေါ်သို့ နွေးခနဲကျလာတယ့် အရည်ကြည် တစ်စက်ကြောင့် ရိပေါ့်မှာထိတ်ထိတ်ပြာပြာနှင့်..၊ အစ်ကိုက..ဘာလို့ငိုနေတာလဲ? ငိုနေတာ အစ်ကိုပေမယ့် ကျွန်တော့်ရင်ဘတ်ကလဲ ထပ်တူထပ်မျှ နာကျင်ရပါတယ်..။

"ကိုကို..."

ရှောင်းကျန့်က ဘာစကားမှမဆို..ဒဏ်ရာကိုဆေးလိမ်းကာ ပတ်တီးဖွဖွစည်းပြီး ဆေးသေတ္တာကို ပြန်ပိတ်လိုက်သည်..။ ပြီးနောက် ေခါင်းကို တစ်ဖက်လှည့်က မျက်ရည်စက်တွေကို သိမ်းဆည်းပြီးမှ..

"ကိုယ် လဲ သွားအိပ်တော့မယ်နော်"

"ဟင်..! ကိုကိုကဘယ်မှာ သွားအိပ်မလို့လဲ?"

အလောတကြီး မေးလိုက်တာမို့ တံတွေးတောင် သီးချင်သွားသည်..။ သို့ပေမယ့်အစ်ကိုကတော့ အေးဆေးစွာပင် ပြန်ဖြေလာသည်..။

"ကိုယ် ဘေးအခန်းမှာရှိမယ် ငယ်..ခုလို ခွဲအိပ်တာက ကိုယ်တို့ နှစ်ယောက်အတွက် အကောင်းဆုံးပဲလေ..."

"N⃠E⃠V⃠E⃠R⃠ "[[ COMPLETED ]]✔Where stories live. Discover now