Chapter (5)

4.5K 465 7
                                    

UNICODE

Never.....{{ ဘယ်သောအခါမှ }}
******************************

"တိတိလေး ကိုယ်အကူအညီတစ်ခု တောင်းလို့ရမလားဟင်!!!"

အကူအညီဆိုတယ့် စကားလုံးရဲ့နောက်ကွယ်မှာ ဓါးတစ်လက် ဝှက်ထားမှန်း ရိပေါ်သိနေသည်။ ကိုယ်ရှိတယ့် စာကြည့်တိုက်ကို တကူးတကကြီး လာတွေ့ခြင်းက ကျိန်းသေမမကြောင့်သာ ဖြစ်လိမ့်မည်။

"ရတာပေါ့..ကျွန်တော် ဘာကူညီပေးရမလဲ?"

ထိုလူသားက မျက်ဝန်းအစုံကို မှိတ်ကျလုမတတ် ပြုံးပြလာသည်..။ ဟုတ်တယ် အဲ့ဒီအပြုံးတွေက ကျွန်တော့်ရဲ့ဖြေဆေးလေးပဲ..

အစ်ကို့ရဲ့အပြုံး..
မမရဲ့ရယ်မောသံတွေနှင့် ကျွန်တော့်ရဲ့ဒဏ်ရာတွေကို ကုစားနေရတာ ဘယ်လောက်တောင် ကြာနေပြီလဲ?

"အစ်ကို ပြောလဲဗျာ.. Libaryထဲမှာပြောဖို့ အဆင်မပြေလို့များလား?"

"မဟုတ်ပါဘူးကွာ..အဟွန်းး"

ကြည့်စမ်း!
ရယ်လိုက်ပြန်ပြီ.. ဘာတွေ သဘောကျနေတာလဲ အစ်ကိုရာ..။

"နောက်သုံးရက်ဆို ငယ့်မွေးနေ့ရောက်ပြီလေ၊ ဘာမွေးနေ့ လက်ဆောင်ပေးရင် ကောင်းမလဲလို့.. တိတိလေးကို မေးကြည့်တာ.."

"ဪ..ဟုတ်သား"

ကျွန်တော်နဲ့မမက တစ်နေ့တည်း မွေးဖွားသူတွေပါအစ်ကို..၊ ကျွန်တော့် မွေးနေ့ကလဲ နောက်သုံးရက်ဆို ရောက်ပါပြီ..၊ ဒါပေမယ့်အစ်ကိုက အရမ်းခွဲခြားတာပဲ..။

"ကိုယ်ဟိုနေ့က Internetမှာ သတင်းတစ်ခု တွေ့လိုက်မိတယ် အဲ့သတင်းကို အတည်ပြုချင်တာလဲပါတယ်.."

ရိပေါ်က အပူရုပ်ကို ဟန်လုပ်ပြုံးရင်း ဖတ်လက်စ စာအုပ်ကို ပိတ်ပစ်လိုက်သည်..။ ပြီးနောက်ပြုံးနေတယ့် ရှောင်းကျန့် မျက်နှာလေးကိုကြည့်ကာ...

"ဘာသတင်းများလဲ အစ်ကိုရဲ့.."

"အာ သတင်းက ရိုးရိုးလေးပါကွာ ကိုယ့်ချစ်သူရဲ့မွေးနေ့ပွဲမှာ အကောင်းဆုံး မွေးနေ့လက်ဆောင်က အဲ့မိန်းကလေးကို လက်ထပ်ခွင့်တောင်းတာတဲ့ တိတိကော ဘယ်လိုထင်လဲ??"

"N⃠E⃠V⃠E⃠R⃠ "[[ COMPLETED ]]✔Where stories live. Discover now