Chapter (39)

5.6K 515 29
                                    

##Unicode##

Never.....[[ ဘယ်သောအခါမှ......... ]]

မျက်လုံးမှိတ်ထားသော်လည်း နှစ်ယောက်လုံး အိပ်ပျော်ခြင်းမရှိ..။ ရှောင်းကျန့်ခေါင်းထဲမှာတော့ ခုကိစ္စကိုဘယ်လို ဖြေရှင်းရမလဲဆိုတာသာ တွေးတောလျက်ရှိသည်..။

တကယ်ပဲ သူတစ်ခုခုကို ရွေးချယ်ဖို့ အချိန်ရောက်ခဲ့ပြီလား? ရင်ခွင်ထဲက အနည်းငယ်လွန့်လူးလာတဲ့ ရိပေါ်ကြောင့် အတွေးတွေပျက်ကုန်ပြီး အိပ်ချင်ယောင် ဆောင်မိတယ်..။ သတ္တိနည်းတယ်လို့ပဲ ဆိုရမလား?

ခါးပေါ်က လက်တစ်ဖက်ကို အသာဖြုတ်ချပြီး အိပ်ယာထက်မှ ရိပေါ် ဖြေးညှင်းစွာထထိုင်လိုက်သည်..။ နာကျင်မှုများ ခန္ဓာကိုယ်အနှံ့ဖြန့်ကျက်သွားပုံက ပထမအကြိမ်မို့ ထင်ပါရဲ့..။

အစ်ကိုကတော့ အိပ်ပျော်နေတုန်းပင်..။ နှုတ်ခမ်းပါးအောက်က မှဲ့နက်လေးကို တို့ထိရင်း ရေးတေးတေး ပြုံးမိသွားသည်..။

" အားလုံးကျွန်တော်အပြစ်တွေပါ မမ အပေါ်ဒီလိုနည်းနဲ့ ကျေးဇူးမဆပ်လိုက်သင့်ဘူး ၊ နောက်ပြီး ခုချိန်မှာ သူမက ကိုယ်ဝန်နဲ့လေ **Sob. ."

ဂွမ်းစောင်အောက်က ရှောင်းကျန့်လက်နှစ်ဖက်ဟာ လက်သီးဆုပ် အသွင်သို့ ပြောင်းလဲသွားပြီး အိပ်နေရာမှ ကုန်းထလိုက်တော့ ရိပေါ်မှာတိတ်ထိတ်ပြာပြာနှင့်...

"ဟင်!! အစ်ကို "

"ဘာလို့ မင်းအပြစ်ဖြစ်ရမှာလဲ ရှောင်ငယ် ၊ ကိုယ်ကပဲ အပြစ်တွေလုပ်ခဲ့တာ.."

ပုခုံးနှစ်ဖက်ကိုဆွဲခါတော့ အားမရှိတဲ့ ရိပေါ့်ကိုယ်လေးဟာ လှုပ်လီလှုပ်လီနဲ့...၊ တာဆူနေတဲ့မျက်ရည်ဥ တွေဟာ ခုတော့အခါလွန်မိုးလို အင်အားပြင်းစွာ..

"**Sob တောင်းပန်ပါတယ် ကျွန်တော် ထွက်သွားတော့မယ်အစ်ကို  ဒီတစ်ခါတော့အတည် ထွက်သွားတော့မှာ..*Sob "

ရှောင်းကျန့်မှာ ပြူးပြူးပြာပြာနှင့်..

"မသွားရဘူး ရှောင်ငယ် ဘယ်မှသွားလို့မရဘူးနော် "

ရိပေါ်မှာ ဟက်ခနဲရယ်ရင်း ကုတင်အောက်က ဘောင်းဘီလေးကို သွားကောက်ကာ အေးအေးလူလူ ဝတ်နေသည်..။ နာကျင်မှုကြောင့် သူ့မျက်နှာက တစ်ချက်တစ်ချက် ရှုံးမဲ့သွားတာ သိသိသာသာ..။ ရှောင်းကျန့်မှာ သွေးရူးသွေးတန်းနဲ့ တားဆီးရုံမှအပ..

"N⃠E⃠V⃠E⃠R⃠ "[[ COMPLETED ]]✔Where stories live. Discover now