မျက်နှာကသာ ပြုံးနေပင်မဲ့ စိတ်ထဲကတော့ အပီကျိန်ဆဲ
နေသည်.

"ကောင်းပြီလေ..ပေးစေ''

ဆော့ဂျင် သူ့နားမလှမ်းမကန်းက ထယ်ယောင်းတို့ကို
ကြည့်မိတော့ စာကို တတွတ်တွတ်သေချာစွာရှင်းပြနေ
သော ထယ်ယောင်းနဲ့ ထယ်ယောင်းမျက်နှာကို ပြုံးပြုံး
ကြီး ကြည့်နေသော မင်းသားငယ် ဂျီမင်..

အင်းတူတူပါပဲ သူလဲ စာကလွဲရင် ကျန်တာအကုန်စိတ်
ဝင်စားပုံရပါသည်.
သူ့ရှေ့က အိမ်ရှေ့စံကတော့ စာရွက်မှာ လျှောက်ခြစ်
လိုက် ဘေးကနို့ခွက်ကိုအရသာခံသောက်လိုက်နဲ့ အလုပ်ရှုက်နေသည်.

"အိမ်ရှေ့စံ ဂိမ်းကစားမလား''

"ဟင် ဘာဂိမ်းလဲ''

တွေ့လား..ပြောပါတယ် စာကလွဲရင်ကျန်တာစိတ်ဝင်စား
တယ်လို့..အခုလဲ ဂိမ်းဆိုတာနဲ့ မျက်လုံးနှစ်လုံးကစ ဘလင်း ဘလင်းဖြစ်နေသည်.

"ဒီလိုလေ သချာင်္အလီတွေမေးကြေး. မှားရင် နှာဖူးတောက်ခံရမယ်..ဘယ်လိုလဲ''

မထိတထိ စိန်ခေါ်နေသော ဆော့ဂျင်ကြောင့် အိမ်ရှေ့စံ
image ပျက်လို့မဖြစ်..

"ကောင်းပြီလေ''

"Ok....1,2,3...3×2''

"6.5×2''

"10...3×3''

"9...9×5''

"45..4×2''

"9..အ့''

"ဟားဟား အိမ်ရှေ့စံမှားသွားပြီ''

ဆော့ဂျင်ပြောပြောဆိုဆို ကိုယ်ကိုရှေ့ကိုင်းပြီး ဂျောင်ကု
နှာဖူးကို ပိတ်ရိုက်လိုက်သည်.
ရုတ်တရက်မို့ လန့်သွားသော ဂျောင်ကုနဲ့အတူ မလှမ်းမ
ကန်းမှ မင်းသားငယ်တို့လဲ မျက်လုံးပြူးကာကြည့်နေ
သည်.
ဆော့ဂျင်ကတော့ ကျေနပ်ပီတိဖျာစွာပင် ရယ်မောနေ
လျက်..

"ပညာရှိ ဂျင်''

"ဟင်...ဘာလဲ ယောင်းလေး''

ဆော့ဂျင်စကားကြောင့် အိမ်ရှေ့စံရော မင်းသားငယ်ပါ
မျက်မှောက်ကြုံ လိုက်သည်.

"ဟို...ဟို..အိမ်ရှေ့စံအသားကို ထိရင် အရေးယူခံရလိမ့်မယ် ''

"ဟင်!''

Stranger From Hell { complete }Where stories live. Discover now