ဒါပေမယ့်လည်း သူမက ထပ်မကစားချင်တာနဲ့ သူက မပေးချင်တာနဲ့ဆိုတာက မတူညီတဲ့ ကိစ္စနှစ်ခုလေ!
ချင်းစုယွဲ့က ကင်မရာကို ဆတ်ခနဲ ဖမ်းယူဖို့ကြိုးစားပေမယ့် ချန်းစီနျန်က လက်ကို ပိုပြီးတော့ အမြင့်သို့မြှောက်လိုက်သည်။
ချင်းစုယွဲ့က စိတ်ဆိုးပြီး သူ့ကိုကိုက်မလို့ လုပ်နေချိန်မှာ တစ်စုံတစ်ဦးရဲ့ရယ်သံကို ကြားလိုက်ရလေသည်။
"ဘယ်လိုဖြစ်တာလဲ နှစ်ယောက်သားက ချစ်ကြည်မနေကြပဲနဲ့"
သူမက ထိုအသံလာရာထံ ကြည့်လိုက်တော့ တောင့်တင်းတဲ့ ကြေးနီရောင်ရင်ဘတ်ကို ဖွင့်လှစ်ပြထားတဲ့ အပြုံးတစ်ပွင့်နှင့် အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။
ချင်းစုယွဲ့က ဘယ်သူလဲ မေးမလို့ပြင်နေစဉ်မှာ ချန်းစီနျန်က သူမခေါင်းကို သူ့ရင်ခွင်ထဲထည့်လိုက်ကာ မျက်လုံးတွေမှေးကျဉ်းလျက် မေးလိုက်၏။
"မင်းက ဘယ်သူလဲ"
"အထင်မလွဲပါနဲ့ဗျာ ... နှစ်ယောက်သားက ဒီမှာ အားလပ်ရက်ကုန်ဆုံးနေကြပုံ ပေါ်လို့ တိုက်တိုက်ဆိုင်ဆိုင်ပဲ မြို့က အချမ်းသာဆုံးလူရဲ့သားက ဒီနေ့လက်ထပ်မှာလေ ... ဒီမှာရှိနေတဲ့ လူတော်တော်များများက သွားကြည့်ကြမှာ ... မင်းတို့ စိတ်ဝင်စားရင်လည်း သွားကြည့်နိုင်ပါတယ် ချုံးကောင်းလမ်းပေါ်မှာတင်ပဲ ... အဲဒီမှာ လူရဲ့ကံကြမ္မာကို ပြောပြပေးနိုင်တဲ့ အရမ်းမှန်တဲ့သူရှိတယ် ... ဒါပေမယ့် သူက လူတိုင်းကိုတော့ အလွယ်တကူ မဟောပေးတတ်ဘူး ... ရေစက်ဆုံတဲ့သူတွေကိုပဲ ဟောပေးတာ"
ထိုလူကပြုံး၍ ထပ်ပြော၏။
"ဒီကိုလာတဲ့သူတွေက ကံစမ်းချင်ကြတယ်လေ ... သူတို့ခရီး အောင်မြင်မှာလားဆိုတာတော့ တွေးလို့ရတာပေါ့"
ချန်းစီနျန်က ရယ်မောလိုက်သည်။
"ရီတော့ရီစရာပဲဗျ"
ဒီနေ့ခေတ်မှာ အဲဒါတွေ ဘယ်သူက ယုံနေမှာလဲ?
ချင်းစုယွဲ့က ကောင်းကောင်းလာပြောသည်ဟု ခံစားရသဖြင့် ချန်းစီနျန်ရဲ့လက်ကိုဆွဲကာ ထိန်းလိုက်သည်။
ချန်းစီနျန်ရဲ့မျက်ဝန်းတွေက နက်မှောင်နေကာ ခေါင်းကိုအနည်းငယ်မော့လျက် ထိုလူအား ပြောလိုက်၏။
"ကျေးဇူးအများကြီးတင်ပေမယ့် ကျွန်တော်နဲ့ကျွန်တော့်ဇနီးက ကိုယ်ရေးကိုယ်တာ ကိစ္စလေးတွေ ပြောစရာကျန်သေးလို့ ထွက်သွားပေးနိုင်မလား?"