မြို့ခံsongက ​လိုအပ်​သည့်​အရာမှန်​သမျှ လုပ်​ထား​ပေး​တော့ ရထာနှင့်​​နေ​စောမှာ အဆင်​သင့်​လက်​ဖြန့်​ယူရုံ​ပေ။ သူသွားရာ​နောက်​ကို လိုက်လာ​တော့ ​ချောင်း​ကိုဖြတ်ထားတဲ့ အုတ်​တံတား။ တံတား​တော့တံတား​ပေမယ့်​ တံတားအစမှာ ကြီးမားတဲ့သစ်​ပင်​ကြီး၏ အုပ်​မိုးမှုနှင့်​ ​ချောင်း​တွင်းမှာ ​လှေအနည်းငယ်​စု​နေမှု​ကြောင့်​ အ​တော်​​လေးကို လှပသည်​။
"ငါနင်​တို့နှစ်​​ယောက်​ကို ရိုက်​​ပေးမယ်​၊ ပြီးရင်​ ဒီ​နေရာမှာ video​လေးတစ်​ခုဆွဲသွားမယ်​ဆို အဆင်​​ပြေမယ်​​နော်​"
ellaက အကြံ​ပေးသည်​။ ရထာပြုံးကာ သူ့လက်​ထဲကို ကင်​မရာ​ပေးလိုက်​ပြီး...
"​ကျေးဇူးတင်​ပါတယ်​ ella"
"ရပါတယ်​ ငါနင်​တို့ရဲ့ကင်​မရာမန်းလုပ်​​ပေးမယ်​၊ တစ်​လကို နင်​တို့ကြိုက်​သ​လောက်​​ပေး"
ellaရဲ့ ​နောက်​တတစကား​ကြောင့်​ ရထာရယ်​မိလိုက်​သည်​။ အခက်​တို့ဖြာကျ​နေသည့်​ သစ်​ပင်​ကြီး​အောက်​ တံတားရဲ့အုတ်​ခုံ​ဘောင်​​ပေါ်မှာ နှစ်​​ယောက်​သားထိုင်​လိုက်​ကာ songပခုံး​ပေါ်ကို ရထာ​ခေါင်းမှီတင်​လိုက်​သည်​။ songက​တော့ မြတ်​နိုးရသည့်​ ရထာ့နဖူး​လေးကို နမ်းရှိုက်​သည်​။
"ဟုတ်​တယ်​ အဲ့အတိုင်း​လေး​နေမယ်​ တစ်​ နှစ်​ သုံး"
"ရပြီ၊ ဒီတစ်​ခါ ဗီဒီယိုရိုက်​မယ်​ နင်​တို့နှစ်​​ယောက်​အဲ့မှာပဲထိုင်​ပြီး ဒီ​နေရာ​လေးကိုမိတ်​ဆက်​တာ​လေးလုပ်​လိုက်​"
ellaက တက်​တက်​ကြွကြွ​ပေ။ ရိုက်​​ပေးသူက ​စေတနာ​တွေပို​နေ​တော့ ရထာလည်း မိမိချစ်​ရ​သောသူနှင့်​ လန်​ဒန်​တစ်​မြို့လုံး ​လျှောက်​လည်​တာကိုမှတ်​တမ်းတင်​ချင်​သည်​မို့ songလက်​ဖဝါးကိုဆုတ်​ကိုင်​၍ ဤ​နေရာသည်​ဘယ်​​နေရာ၊ဘယ်​လို​နေရာမျိုးဖြစ်​သည်​ကို ရှင်းပြရ​တော့သည်​။
songတို့ကို​ငေးကြည့်​​နေသည့်​ ကိုယ့်​​နေ​ရောင်​ခြည်​​လေးရဲ့ မျက်​ဝန်း​တွေမှာ နာကျင်​​ခြင်း​တွေပြည့်​​နေသည်​။ ပြုံးကြည့်​​နေ​ပေမယ့်​လည်း ရင်​ထဲမှာ​တော့ ဝမ်းနည်းပူ​ဆွေးမိုး​တွေရွာ​နေမှန်း deanသိ​နေသည်​။ ​သူ​လေးကို ​ငေးကြည့်​ကာ...