"ရှောင်ငယ် ကိုယ်ပြောတာ မကြားဘူးလား? မင်းဘယ်မှ မသွားရဘူးနော်.."

"သွားမှာ..ကျွန်တော်ရွေးချယ်မှုက အစကတည်းက ဒီအတိုင်းပဲ ၊ အစ်ကိုသာမနေ့က ဒီအိမ်ကို ရောက်မလာခဲ့ရင် အဆုံးသတ်ကလှနေခဲ့ပြီ၊ ခုတော့လေ ကျွန်တော့်အဖြစ်က **Sob ယောက်ဖနဲ့ ဖောက်ပြန်တဲ့ကောင်တဲ့..၊ ရှက်ဖို့ ကောင်းလိုက်တာဗျာ "

မျက်ရည်တွေ..
သူမမြင်ချင်တဲ့ မျက်ရည်တွေကို ရှောင်ငယ်ကဖောဖောသီသီ ကျနေတယ်တဲ့..၊ ရင်ထဲမှာ နာကျင်လိုက်တာ..

"မဟုတ်ဘူး အဲ့လိုမဟုတ်ဘူး ကိုယ်က.."

"**Sob ကျွန်တော့်ကို ထပ်မတားပါနဲ့တော့ ၊ ဒီနိုင်ငံက အသက်ရှင်လျက် ထွက်သွားလို့မရရင် အစ်ကိုရှေ့မှာပဲ ကျွန်တော် သေပြရမလား ပြော!!..."

ပြောရင်း ခေါင်းကို နံရံနဲ့ပြေးဆောင့်လိုက်တာမို့..

"ရှောင်ငယ်!!!. .."

"မလာနဲ့...ကျွန်တော့်နားကိုမလာနဲ့!..."

နဖူးမှာ စိမ့်ကျလာတဲ့ သွေးများက မျက်ရည်တို့နဲ့ ေရာစပ်သွားသောအခါ ဖြူနုနုမျက်နှာလေးက နည်းနည်းတော့ အကျည်းတန်ချင်သည်..။

"ကိုယ် တောင်း ပန် ပါ တယ် "

"ခုချက်ချင်း ထွက်သွားပေး ဒီအိမ်နားမှာ အစ်ကို့ အရိပ်ကိုတွေ့တာနဲ့ ကျွန်တော်ကိုယ့်ဘာသာ သတ်သေလိုက်မယ်.."

"ေရှာင်ငယ်..."

"ထွက်သွား!!!. ....... "

****


"ငယ်..."

Office တံခါးဖွင့်လိုက်စဥ် ဆီးကြိုနေတဲ့ မျက်နှာဖျော့ဖျော့လေးကြောင့် အပြစ်လုပ်ထားတဲ့ ရှောင်းကျန့်မှာ ခန္ဓာကိုယ်ကရှိန်းတိန်းဖိန်းတိန်း ဖြစ်လာသည်..။ သူမကတော့ Sofa မှာထိုင်နေရင်း သူ့ကိုတွေ့ခါမှ

"ကိုကို..တစ်ညလုံးပျောက်နေလို့လေ Phone လဲယူမသွားတော့ Uncle ရော ၊ ငယ်ရောစိတ်ပူနေတာ..."

ရိချန်း မှာပြာပြာသလဲနဲ့ စကားဆိုမိတယ်..။ ရှောင်းကျန့်မှာ နှုတ်ခမ်းတွန့်ရုံမျှပြုံးကာ

"N⃠E⃠V⃠E⃠R⃠ "[[ COMPLETED ]]✔Where stories live. Discover now