'အဲ့တာဆိုရင် သူကရော ဦးလေးကိုမေးသေးလား'

'မေးသေးလားဆိုတော့ အခုရက်ပိုင်းသူနဲ့ဦးလေးနဲ့စကားမပြောဖြစ်ဘူး သူလည်းအဲ့တာကိုမမေးပါဘူး'

'တကယ်လားဦးလေး'

'တကယ်လေ..ဘာဖြစ်လို့လဲ????'

'ဒီလိုဦးလေးရဲ့ ညနေတုန်းက သူကျွန်တော့်ဆီphဆက်တော့ သူတော်တော်ပေါက်ကွဲနေတယ်'

'ပေါက်ကွဲတယ်.... ဘလိုပေါက်ကွဲတာလဲ'

'အမွေကိစ္စလေ...အဲ့အမွေတွေကိုသူမရလို့ဆိုပြီးပေါက်ကွဲတာ သူ့ကိုအရူးလုပ်ပါတယ်ဆိုပြီး ကျွန်တော့်ကို သူ့အကြောင်းကောင်းကောင်းသိစေရမယ်ဆိုပြီးတော့လဲကျိန်းသွားသေးတယ်'

'hum!!!သူကဒါတွေကိုဘယ်ကနေဘလိုသိသွားရပြန်တာလဲ'

'ကျွန်တော်လည်းမသိဘူး အဲ့တာ ဦးလေးများသိမလားလို့ ဦးလေးကိုလာမေးတာ'

'အင်း..ဦးလေးလည်း ဒါကိုတကယ်မသိတာ..

ကုမ္ပဏီမှာလည်း ကိုယ့်ဟာနဲ့ကိုယ်အလုပ်တွေရှုပ်နေတော့ အဲ့ဘက်ကိုစိတ်မရောက်ဖြစ်ဘူး'

'ကျွန်တော်လည်း ဦးလေးကိုနားလည်ပါတယ်'

'အေး..ဒါနဲ့ မင်းကိုကိုနဲ့ရော အဆင်ပြေသွားပြီလား'

'ဟုတ် ပြေသွားပြီဦးလေး'

'ပြေသွားတော့လည်း မျက်နှာကပြုံးဖြီးနေတာဘဲ...မပြောချင်ဘူး တကယ်ပါဘဲ'

'မပြောချင်ရင်လည်း မပြောနဲ့လေ ဦးလေးကလည်း'

'ဦးလေးကို လာပြန်စွာနေတယ် ငါထုထည့်လိုက်ရ'

'ဟီးဟီး ဦးလေးကလည်း စတာကို'

မိုးချုပ်နေပြီ...မင်းတိုက်ခန်းကိုမပြန်နဲ့တော့ ဝေးတယ်'

'ဟုတ်..အဲ့တော့ကျွန်တော်ဘယ်မှာအိပ်ရမှာလဲ'

'ဟ...Kristဒါမင်းအရင်တုန်းကနေသွားတဲ့အိမ်လေ...ဘယ်မှာအိပ်ရမလဲဆိုတော့ မင်းအခန်းမှာမင်းအိပ်ပေါ့ အတိတ်မေ့သွားတာလား ကြောင်သွားတာလား ရူးသွားတာလား'

'ဟာ.... ဦးလေးပြောပုံက ကျွန်တော်ရစရာမရှိတော့ဘူး...'

'မင်းမေးတာကိုကမဟုတ်တာလေ...

အဆုံးမဲ့ချစ်ခြင်း (Endless Love💗) Z+UniWhere stories live. Discover now