Kristဦးလေးအိမ်နားရောက်တော့

'ကိုကို ရပြီလေ...kitကိုယ့်ဘာသာကိုယ်ဘဲသွားတော့မယ်'

'အွမ်း အဲ့ဆိုလည်းကိုယ်ပြန်တော့မယ်နော်'

'ဟုတ် ကောင်းကောင်းပြန်နော်..'

'ညကျရင် ကိုယ့်ကိုphဆက်ဦးနော်'

'ဟုတ်ကဲ့ပါဗျ..'

'ကိုယ်ပြန်ပြီနော်'

'ကိုကိုခဏနေဦး'

ပြန်ဖို့လုပ်နေတဲ့ Singလည်း Kristစကားသံကြောင့် တဖက်သို့ပြန်လှည့်လာခဲ့တော့

'မွ....'

Singရဲ့နှုတ်ခမ်းတည့်တည့်ပေါ်ကျရောက်လာတဲ့ Kristရဲ့လျှပ်တစ်ပြတ် အနမ်းတစ်ပွင့်.....

'Kitသွားတော့မယ်နော် byebye'

တချိုးတည်း P'Mikeအိမ်ထဲဝင်ပြေးသွားတဲ့ Kristကိုကြည့်ပြီး Singခေါင်းရမ်းကာသာ ရယ်လိုက်မိတော့သည်

'တော်တော်လည်တဲ့လူလည်လေးပါလား'

Singtoသူ့နှုတ်ခမ်းကိုသူထိရင်း ပြောလိုက်ကာ သူ့အိမ်ကိုသာပြန်လာခဲ့တော့သည်

Singtoပြန်တဲ့လမ်းတစ်လျှောက်လုံးမှာတော့ သူ့နှုတ်ခမ်းထက် ကြည်နူးမှုအပြုံးတို့ကတွဲလဲခိုလျက်.....

-

-

-

-

-

'ဦးလေးရေ ဦးလေး'

'အေး လာပြီKrist'

အိမ်ထဲရောက်တာနဲ့ အသံတကြော်ကြော်အော်ပြီးရောက်လာတဲ့တူတော်မောင်ကြောင့် Mike သူ့အခန်းထဲကနေ မြန်မြန်ထွက်လာခဲ့ရတော့သည်...

'ပြောပါဦး Kristရဲ့ မေးစရာဆိုတာဘာများလဲ'

'ဦးလေးကအရင်ထိုင်ပါဦး'

'အေးအေး ထိုင်ပါပီကွ...'

'အွမ်း ကျွန်တော်မေးမှာက အမွေကိစ္စကိုလေ ဦးလေး သူ့ကိုပြောပြလိုက်သေးလား'

'ဟမ်..ဘသူ့ကိုတုန်း'

'ဟိုလူလေဗျာ ဦးလေးကလည်း'

'aww အေးသိပြီ

မပြောပါဘူး ဦးလေးအဲ့အကြောင်းနဲ့ပတ်သက်ပြီး လုံးဝမပြောဖူးဘူး..'

အဆုံးမဲ့ချစ်ခြင်း (Endless Love💗) Z+UniUnde poveștirile trăiesc. Descoperă acum