ဘလိုတောင် ငေးပလိုက်တာလဲ Tayရာ..

စိတ်ထဲကနေ သူ့ကိုယ်သူဘဲ အပြစ်တင်နေလိုက်တော့သည်

'P'ဘာရပ်လုပ်နေတာလဲ .... '

'aww...ဘာမှမလုပ်ပါဘူး'

ကားဘေးနားမှာ ရပ်နေတဲ့ Newဘေးနားကို အပြေးသွားလိုက်ပြီး ကားတံခါးကိုဖွင့်ပေးလိုက်ကာ Newကားပေါ်တက်ပြီးတာနဲ့ သူလည်းကားပေါ်ဝင်ထိုင်ပြီး ကားစက်မောင်းကာ သူ့အဖေနဲ့ချိန်းထားတဲ့နေရာကိုထွက်လာခဲ့လိုက်သည်

.

.

.

ကားထဲက လေထုကတော့ ငြိမ်သက်နေပြီးတယောက်နဲ့တယောက် ဘာစကားမှမပြောဖြစ်ကြဘဲတိတ်ဆိတ်နေတဲ့အချိန်

'ဒီနေ့ P'ချစ်သူလေးတော်တော်ကြည့်ကောင်းနေတယ်နော်'

Newသူအခုတွေ့ရမယ့်သူနဲ့ တွေ့ရင် အဆင်ပြေပါ့မလားလို့တွေးနေရင်း ရုတ်တရက် P'Tayပြောလိုက်တဲ့စကားကြောင့် စိတ်လှုပ်ရှားမှုတွေအပြင်ရင်ခုန်မှုကပါ တိုးလာခဲ့သည်

'ဟုလို့လား P'ရဲ့'

'ဟုတာပေါ့...မယုံရင် P'ရင်ဘတ်ကိုစမ်းကြည့်လိုက်လေ'

'ဟာ....မစမ်းပါဘူး...Pကလည်း'

'Newက Pပြောတာကိုမယုံလို့လေ အဲ့တာကြောင့် ယုံအောင်လို့လေ

P'ရင်ထဲမှာ ဒုတ် ဒုတ်...ဒုတ် ဒုတ်နဲ့ ရင်ဘတ်ကြီးတခုလုံးတောင် ပေါက်ထွက်တော့မလိုဘဲ...'

'Pရယ် တော်ပါတော့ ဒီမှာ စိတ်ပူနေပါတယ်ဆို P'ကဒီလိုမျိုးတွေလာပြောနေတယ်'

'ok...okမပြောတော့ဘူးနော်..'

စပ်ဖြီးဖြီးနဲ့ လှည့်ပြီးပြောလာတဲ့Pကို Newမကျေနပ်တဲ့အကြည့်နဲ့ ကြည့်လိုက်မှ ကိုယ်တော်ချောက ငြိမ်ကျသွားတော့သည်

P'နဲ့တော့တကယ်..မလွယ်ပါဘူး..

🚗🚗🚗🚗

နောက်ဆုံးတော့မောင်းနှင်လာတဲ့ကားလေးက ကြီးကျယ်ခမ်းနားတဲ့ စားသောက်ဆိုင်ကြီးရှေ့အရောက်မှာ ရပ်သွားတော့သည်

'Newရောက်ပြီလေ'

'ဟုတ်P~~~'

Tayကားပေါ်ကဆင်းပြီးတဲ့နောက် Newလည်းဆင်းလာခဲ့သည်...

အဆုံးမဲ့ချစ်ခြင်း (Endless Love💗) Z+UniOpowieści tętniące życiem. Odkryj je teraz