Krist၏ကုတင်ပေါ်မှာ နှစ်ယောက်အတူတူထိုင်လိုက်ပြီးနောက် စိုးရိမ်ကြောက်ရွံ့နေသောအသံဖြင့် Singtoကို Kristမေးလိုက်သည်မှာ

'ကိုကို....kitကိုမုန်းနေပြီလားဟင်'

မေးသာမေးလိုက်ပေမယ့် ဒီမေးခွန်းရဲ့အဖြေကို ကြားဖို့ Krist ထိတ်လန့်နေမိသည်...

Krist၏စိတ်ထဲ၌လည်း မုန်းတယ်ဆိုတဲ့ အဖြေကိုမကြားရရန် ဆုတောင်းနေမိသည်

'Kitက ဘလိုထင်လို့လဲ????

မုန်းတယ်လို့ထင်လား'

'ဟို~~~'

မဝံ့မရဲဖြင့်ကြည့်ကာ ပြောနေသော Krist၏ လက်ကို Singtoဆုပ်ကိုင်လာတဲ့အခါမှာတော့ Kristရဲ့ကိုယ်လုံးလေးတစ်ချက်တုန်သွားတာကို Singtoသတိထားမိလိုက်သည်

'Kit~~'

'ဟုတ်ကဲ့...'

'ကိုယ်Kitကို ပြောခဲ့ဖူးတယ်လေ Kitကို ကိုယ်ဘယ်တော့မှ မမုန်းပါဘူးလို့'

'တကယ် kitကိုမမုန်းဘူးပေါ့'

'အွမ်း...တကယ်မမုန်းဘူး ကိုယ်က kitကိုအရမ်းချစ်တဲ့အတွက် မုန်းဖို့ဆိုတာ ဘလိုမှမဖြစ်နိုင်ဘူး'

'ဒါဆိုရင် ကိုကိုက kitကိုဘာလို့အဆက်အသွယ်မလုပ်တာလဲ...pinkဆီကနေ သိလိုက်ရတဲ့ကိစ္စတွေကြောင့် kitကိုစိတ်ဆိုးနေတာလား???'

'ကိုယ်စိတ်မဆိုးပါဘူး...ကိုယ်ကစိတ်မကောင်းဖြစ်တာပါ

Kitရဲ့ချစ်သူတယောက်အနေနဲ့ ကိုယ်ဒါတွေကို မသိခဲ့ရတဲ့အတွက် Kitကို ကိုယ်အားနာမိတယ်အမှန်ဆို ကိုယ်ဒီအကြောင်းတွေကိုသိရမှာ ဒီကိစ္စတွေကြောင့် kitဝမ်းနည်းနေရတဲ့အချိန် ကိုယ်မနှစ်သိမ့်ပေးနိုင်တာကိုတွေးမိရင်း ကိုယ်ဒေါသဖြစ်မိတယ်ဒီအကြောင်းတွေကို kitဆီကနေ ကိုယ်တိုင်မကြားရတဲ့အတွက် ကိုယ်ဝမ်းနည်းမိတယ်'

'ဒီအကြောင်းတွေ ကိုကို့ကို မသိစေချင်ဘူးဆိုတာက kitကို ကိုကိုမုန်းသွားမှာကြောက်နေလို့ပါ.....ကိုကို kitကို အဆက်အသွယ်ဖြတ်ထားတော့ kitစိတ်ပူနေရတာ ရင်တခုလုံးလည်းပူလောင်နေတာဘဲ ဒီနေ့တောင် တောင်းပန်မယ်ဆိုပြီး ကိုကို့ဆီkitလာသေးတယ်'

'အင်း ကိုယ်သိတယ် kit ကိုကြီးနဲ့အတူအိမ်ထဲကိုဝင်သွားတဲ့အချိန်မှာဘဲ ကိုယ်အိမ်ကိုပြန်ရောက်လာတာ... kitနဲ့ကိုကြီးပြောနေတာတွေအကုန်လုံးကိုလည်း ကိုယ်ကြားတယ်အိမ်ထဲကိုမဝင်လာတာဘဲရှိတယ် kitပြန်တော့မှ နောက်ကနေ ကိုယ်တိတ်တိတ်လေးလိုက်လာခဲ့တာ'

အဆုံးမဲ့ချစ်ခြင်း (Endless Love💗) Z+UniWhere stories live. Discover now