'ကျွန်တော်သိပါတယ် ဖေဖေ...ဒါပေမယ့် ကျွန်တော်တကယ် ချစ်မိတဲ့သူက ယောကျာ်းလေးဖြစ်နေတာ...သူ့ကို ကျွန်တော့်နှလုံးသားနဲ့ကိုချစ်မိတာ...ကျွန်တော်မိုက်ရူးရဲဆန်တာမဟုပါဘူး...ဒါပေမယ့် ကျွန်တော်သူ့ကိုချစ်မိသွားတဲ့အတွက် ကျွန်တော့်အပြုအမူက လူကြီးတယောက်ဖြစ်တဲ့အဖေ့အမြင်မှာ မိုက်ရူးရဲဆန်သလိုဖြစ်သွားတာပါ'

သူပြောတာကိုခဏရပ်လိုက်တော့ သူ့အပြောကို လက်ခံပုံလည်းမပြ ငြင်းမယ့်ပုံလည်းမပြတဲ့ သူ့အဖေရဲ့အကြည့်တွေကြောင့် သူ့စကားတွေကို ဆက်လိုက်တယ်....

'ဒီလိုကိစ္စမျိုးကို အဖေလက်ခံနိုင်မှာ မဟုဘူးလို့လည်း ကျွန်တော်တွေးဖူးပါတယ်..ဒါပေမယ့် အဖေ ကျွန်တော့်ဘဝမှာ သူ့တယောက်တည်းကိုဘဲ တကယ်ချစ်ခဲ့တာပါ...အဖေ ငယ်ငယ်တုန်းက အမေ့အပေါ်မှာ ချစ်တဲ့ အချစ်လိုဘဲ ကျွန်တော်သူ့ကို ချစ်မိတာပါ.... ကျွန်တော်လည်း ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် ဆုံးဖြတ်ဆင်ခြင်နိုင်တဲ့အရွယ်ရောက်နေတဲ့အတွက် ဒါကခဏတာ အပေါ်ယံချစ်မိတာလား တကယ်ချစ်တာလား ဆိုတာလည်း ကျွန်တော် သိပါတယ်.... ကိုယ်တကယ်ချစ်တဲ့သူတယောက်ကို လွယ်လွယ်မစွန့်လွတ်နိုင်တဲ့အတွက် ကျွန်တော် အဖေ့စကားကိုနားမထောင်ခဲ့တာပါ... တောင်းပန်ပါတယ်ဖေဖေ...'

'ပတ်ဝန်းကျင်ကရော မင်းတို့နှစ်ယောက်အချစ်ကို ဘလိုပြောကြမလဲရော မင်းစဉ်းစားဖူးလား? ???'

'စဉ်းစားဖူးပါတယ်...ကျွန်တော်သူ့ကို ချစ်မိကတည်းက ဒါတွေအကုန်စဉ်းစားထားပြီးသားပါ... ပတ်ဝန်းကျင်ဆိုတာကတော့ အကောင်းပြောတဲ့သူတွေထက် မကောင်းပြောတဲ့သူတွေက ပိုများကြတာပါ..ဒါပေမယ့် သူတို့ရဲ့ စကားတွေကိုနားထောင်ပြီးခံစားနေမယ်ဆိုရင် ကိုယ့်ဘဝကိုအရှုံးပေးရာကျသွားမှာပါ... ဘသူတွေဘလိုဘဲပြောပြော ကိုယ့်မိသားစုဝင်တွေကတော့ ကိုယ့်ဘက်မှာရှိနေပေးမယ်ဆိုရင်တော့ ကျွန်တော်တို့လိုလူတွေက ရှေ့ဆက်ဖို့ ခွန်အားတွေပိုပြီးရလာမှာပါ'

'သား ဆိုလိုချင်တာက အဖေက သားကို သဘောတူပေးရမယ်လို့ပြောချင်တာလား??'

'အဲ့လိုတော့မဟုပါဘူး...ဒါက အဖေ့ရဲ့ သဘောဆန္ဒပါ...ဒါပေမယ့် သားသမီးတွေအတွက်တော့ မိဘတွေရဲ့ အားပေးနှစ်သိမ့်မှုတွေ သူတို့ဘက်မှာ ရပ်တည်ပေးမှုတွေက အရမ်းကိုလိုအပ်ပါတယ်... ဘယ်မိဘမဆို ကိုယ့်သားသမီးပျော်ရွှင်တာကိုဘဲမြင်ချင်ကြတာဘဲလေ...အဖေ ကျွန်တော့်အပေါ်မှာထားတဲ့စေတနာလိုပေါ့... တခါတလေမှာ မိဘတွေရည်မှန်းထားတာနဲ့ သားသမီးတွေဖြစ်လာတာနဲ့က ကွဲလွဲသွားကြတဲ့အခါ မျိုးမှာ မိဘတွေက သားသမီးတွေအပေါ်မှာ နားလည်ပြီး လက်ခံပေးနိုင်ရင် သားသမီးတွေအတွက် ဘယ်အခက်အခဲမဆို ဖြတ်ကျော်နိုင်ဖို့အားအင်တွေရှိလာမယ်လို့ ကျွန်တော်ထင်တယ်'

အဆုံးမဲ့ချစ်ခြင်း (Endless Love💗) Z+UniWhere stories live. Discover now