'ကိုကို~~~'

သူအံ့သြတကြီးခါ်လိုက်တဲ့အချိန်မှာဘဲ ကိုကို့ရဲ့ရင်ခွင်ထဲဆွဲသွင်းခြင်းကိုခံလိုက်ရတဲ့အခါ....

'ကိုကို~~ဘာဖြစ်လာလို့လဲ'

'တော်သေးတာပေါ့...kitဘာများဖြစ်နေလဲလို့ စိတ်ပူလိုက်ရတာ.....'

'kitဘာမှမဖြစ်ပါဘူးကိုကိုရယ့်'

'အဲ့ဒါဆို ဘာလို့phမကိုင်တာလဲ...'

ကိုကို့ရဲ့ရင်ခွင်ထဲကနေ ထွက်လိုက်ပြီး ကိုကို့ကို သူ့အခန်းထဲဆွဲခေါ်လာခဲ့တယ်...ခုနက အခန်းရှေ့ကြီးမှာဖြစ်နေတယ်ဆိုတော့...မနက်စောစောစီးစီး သူများပြောစရာဖြစ်နေဦးမယ်လေ...

'ကိုကို အဲ့ဒါကလေ..ညက kitအရမ်း အိပ်ချင်နေလို့ အိပ်ပျော်သွားတာအခုမှနိုးလာတာ.. phကလည်း silent လုပ်ထားလို့လေ အဲ့ဒါကြောင့်မို့ပါ 😅😅'

'ဟုလို့လား...တခုခုဖြစ်နေတာတော့ မဟုပါဘူးနော်...'

တကယ်ဘဲ အကဲပိုတဲ့သူ့ကိုကိုရယ်ပါ....စိတ်ပူနေလိုက်တာများ ကြည့်ပါဦး 😁😁😁

'တကယ်ဘာမှ မဖြစ်ပါဘူးဆို ကိုကိုကလည်း...😄😄'

'အွမ်း.....အခုမှဘဲ ကိုယ်လည်း စိတ်အေးရတော့တယ်...'

'ကိုကို အခုမှ ၅နာရီဘဲရှိသေးတယ်.... ဘယ်အချိန်ကတည်းကထတာလဲ...'

'ထတာမဟုဘူး....အိပ်ကိုမအိပ်ရသေးတာ...😅'

'ဘာ!!!!မအိပ်ရသေးဘူး...မအိပ်ဘဲဘာတွေလုပ်နေတာလဲ..😒😒'

'oh hoo...ကိုယ့်ကိုအဲ့လိုမကြည့်ပါနဲ့ အခုလို မအိပ်ရတာ ဘသူ့ကြောင့်လဲ..'

'ပြောပါဦး ဘသူ့ကြောင့်လဲ ဘယ်ကောင်မလေးကြောင့်လဲ😏😏😏'

သူ့ကို နှုတ်ခမ်းတလန် ပန်းတလန်နဲ့ ရန်တွေ့နေတဲ့ လိပ်ပေါက်လေးရဲ့ မေးစေ့ချွန်ချွန်လေးကို ဆွဲယူလှုပ်ရမ်းလိုက်ပြီး..

'ဘယ်ကောင်မလေးကြောင့်မှမဟုဘူးနော်..အခုလိုမအိပ်နိုင်တာ ဒီကောင်လေးကြောင့်ပါ...kitက ကိုယ့်phကိုမကိုင်လို့ ဒီကကျွန်တော်မျိုးကြီးက စိတ်ပူပြီးတညလုံး မအိပ်နိုင်တာပါခမျ....😊😊😊'

ကိုကိုပြောလိုက်မှဘဲ သူ့မှာရှက်လို့ ဘယ်နားသွားပုန်းချင်မှန်း မသိတော့ဘူး....😌😌

အဆုံးမဲ့ချစ်ခြင်း (Endless Love💗) Z+UniWhere stories live. Discover now