'ကောင်မလေးတွေနဲ့တွေ့ချင်နေတယ်ပေါ့ ဟုလား..ကိုကို'

'မဟုပါဘူး..ကိုယ်က ဒီအတိုင်းစကားအဖြစ်ပြောကြည့်တာပါ😄😄'

'😏😏😏ပြောနေတဲ့ပုံကိုက တွေ့ချင်နေတဲ့ပုံနဲ့နော်'

'ကိုယ်က kitလေးကိုဘဲတွေ့ချင်တာပါ..ကိုယ်တကယ်ပြော နေတာ'

'အွမ်း...အဲ့ဆိုလည်းတွေ့ချင်ရင်နက်ဖြန် ကိုကိုလာခေါ်လေ..'

'..ဟာ..တကယ်လား...အဲ့ဆို ကိုယ်လာခေါ်မယ်နော် kit
Good nightကိုယ့်ဘေဘီလေး အိပ်တော့နော်'

'အွမ်း.....good night ကိုကို😊😊'
ကိုကိုက အိပ်တော့ဆိုတော့လည်းကျွန်တော် အိပ်မှရတော့မယ်....ဂိမ်းဆော့ဦးမယ်လို့တွေးထားတာလည်း တော်ပါပီ မဆော့တော့ပါဘူး....အိပ်လိုက်တော့မယ်....😪😪😪
----------------------------------------------------------
မနက်ခင်းအစောကြီးထပီး kitဆီကိုသွားဖို့ ကျွန်တော် ပြင်ဆင်နေလိုက်တယ်....အဝတ်အစားကို သပ်သပ်ရပ်ရပ်ဝတ် ဆံပင်ကို သေချာပုံသွင်းလိုက်တယ်...ကျွန်တော်ကအရင်ကထဲက ကြည့်ကောင်းနေပီးသားဆိုတော့ အထူးတလည်ပြင်ဆင်နေစလိုပါဘူး...ဒီအတိုင်းနေလည်း handsome ဖြစ်နေတာဆိုတော့လေ..ဟုတယ်မဟုလား😁😁

'Sing..အခန်းထဲကထွက်လာခဲ့ဦး..အိမ်ရှေ့မှာNewရောက်နေတယ်'

'hum!!ဘသူရောက်နေတာတုန်း ကိုကြီး'

'မင်းသူငယ်ချင်းNewလေ'

ဟင်...Newကဘာလို့ ကျွန်တော့်ဆီလာတာတုန်း.....ကျွန်တော်လည်းသူ့ကိုမခေါ်ထားပါဘူး...အဲ့တာကိုဘလိုဖြစ်လို့ ကျွန်တော့်အိမ်လာရတာလဲ..ဘာအကြောင်းများရှိလို့လဲမသိဘူး
ကျွန်တော်လည်း အိမ်ရှေ့ကိုထွက်လာတော့ ဘောင်းဘီအနက်ပေါ်မှာ အကျႌအဖြူအပွ ကြီးနဲ့ Newကိုတွေ့တယ်
'New..ဘာကိစ္စရှိလို့လဲ'
'မရှိပါဘူးကွာ...ကျောင်းပိတ်တော့ပျင်းတာနဲ့ မင်းအိမ်ကို ထွက်လာလိုက်တာ😁'
'အယ်..သူငယ်ချင်းရ ဘလိုလုပ်မလဲ ငါသွားစရာရှိနေတယ်..'
'ဘယ်ကိုတုန်း..ငါလည်းလိုက်မယ်လေ'
'ဟမ်..လိုက်မလို့လား...ငါကkitဆီ သွားမလို့ ဒီနေ့ kitနဲ့ နှစ်ယောက်တည်း ချိန်းထားလို့လေ...'
'ရပါတယ်..ငါလည်းပျင်းနေတာနဲ့အတော်ဘဲ လိုက်ခဲ့မယ်လေ'

အဆုံးမဲ့ချစ်ခြင်း (Endless Love💗) Z+UniWhere stories live. Discover now