"ကိုယ်သယ်ပေးမယ် ကိုယ့်နေရောင်ခြည်(my sunshine)၊ မြန်မာလိုခေါ်ဖို့ကမပီလို့ ကိုယ့်နေရောင်ခြည်လေးလို့ခေါ်ရင်ဖြစ်တယ်မလား"
"နေရောင်ခြည်(sunshine)လို့ပဲခေါ်၊ ပိုင်ဆိုင်တာ
မထည့်နဲ့""အဲ့တာကတော့ ကိုယ့်သလောလေ၊ ကိုယ်ပါးစပ်ကို မင်းလေးမှ အမိန့်ပေးလို့မရတာ"
အံ့သြလွန်းလို့နေစောဘာမှမပြောနိုင်တော့ပါ။ ကျောပေးထွက်သွားသည့် deanကိုသာ ငေးကြည့်နေမိသည်။ အရမ်းကြီး ပွင့်လင်းလွန်းနေသလားလို့ တွေးမိသည့်အခါ မိမိရှောင်ရမည့်သူမှန်း နေစောချက်ချင်းတွေးလိုက်မိသည်။ ဒီနေရာမှာရှိလည်း ကိုယ့်အတွက်နာကျင်စရာမြင်ကွင်းပဲ မြင်ရမှာမို့ deanနောက်ကိုပဲ စူးစိုက်လိုက်သွားလိုက်သည်။
ရင်နာတာထက် စိတ်ရှုပ်ခံရတာ ပိုသက်သာသည်လို့ထင်သည်။ သူတို့အလွမ်းပြေတဲ့အခါတော့ ကားဆီလာမှာပေ။လွမ်းနေရသည့်ကိုယ်သင်းနံ့လေးအား ယခုမှအတိုးချကာ ရှူ ရှိုက်နေမိသည်။ နားရွက်ကို လာနမ်းသည့် songအနမ်းပွင့်အား ရထာပြုံးရင်းသာခံယူသည်။ songခဗျာ ဘယ်လောက်ထိလွမ်းနေတယ်မသိပါ မိမိကိုတင်းကြပ်နေအောင်ဖက်ထားသည်။ ရထာ တိုးဖွဖွရယ်မိကာ...
"အိမ်ရောက်မှ အလွမ်းသယ်စို့ အခြားသူတွေလည်း ပါလာတာဆိုတော့ သွားရအောင်လေ"
"အာ ဟုတ်သားပဲ"
အခုမှ ရထာ့ဖိနပ်ခုံသည်ကြမ်းခင်းနှင့်ထိတော့သည်။
"သွားစို့ရထာ ကိုယ့်လန်ဒန်ကနေ ကြိုဆိုပါတယ်"
"ဟုတ်ပြီ"
လက်တွဲကာ လဆိပ်ထဲမှ ထွက်လာခဲ့ကြသည်။ ကားပေါ်ရောက်လျှင်တော့ မိမိအတွက် songပြင်ပေးထားသည့် ဖုန်းဖြင့် အဖေ့ဆီကို အကျိုးအကြောင်းလှမ်းပြောရသည်။ ဖုန်းချပြီးလျှင်တော့ ကားပေါ်ကနေပဲ လန်ဒန်မြို့ကြီးကို ကြည့်နေမိသည်။ လမ်းတစ်လျှောက်မှာတင် လှပလွန်းသည့် အဆောက်အဦးတွေက ထည်ထည်ဝါဝါပင်။ စားသောက်ဆိုင်တွေရဲ့အပြင်အဆင်တွေကလည်း လှပလွန်းလှသည်။ တစ်လမ်းလုံးငေးမောလို့အပြီးမှာတော့ songအိမ်ရှေ့သို့ရောက်လေပြီ။ ကားပေါ်မှ ဆင်းဆင်းချင်း ငွေရောင်လေးထပ်တိုက်ကို မော့ကြည့်မိသည်။ ခြံမရှိသည့်တိုက်မှာ တစ်ထပ်စီဝရန်ဒါလေးလုပ်ထားကာ ထိုဝန်ရန်ဒါမှာ အပင်လေးတွေစိုက်ထားသည်။
YOU ARE READING
ရေမြေခြား၍ ချစ်မိသော်လည်း...(ရမွေခွေား၍ ချစ်မိသော်လည်း...)(Completed)
Romanceလူမျိုးရေးခွဲခြားတတ်သည့် မင်းရထာဆိုတဲ့ကောင်လေးနှင့် အင်္ဂလန်သား song တို့..တွေ့ဆုံချစ်ကြိုက်မိသောအခါ