"သွားပီ..Pink"

"အင်း~~~~"

Singထွက်သွားတာနဲ့ Kristရှေ့က ခုံမှာ ထိုင်လိုက်ပီး ကျွန်မကဘဲအရင်ဆုံး စကားစပြောလိုက်တယ်

"ပျော်လား....."

"ဘာကိုမေးတာလဲ"

ကျွန်တော်ရှေ့မှာလာထိုင်ပီး အကြောင်းအရင်းမရှိ ပျော်လားလို့ မေးလာတဲ့Pinkရဲ့စကားကို ကျွန်တော် ဘာပြန်ဖြေရမှန်းမသိ....သူဘာကိုမေးချင်တာလဲ...

"Aww... Singရဲ့ဂရုစိုက်မှုကို ရတော့ပျော်လားလို့"

"အမ်!!!!!ဒီအတိုင်းပါဘဲ....ဘာလို့အဲ့လိုမေးတာလဲ???"

"ငါက Singကိုအရင်ကတည်းက ချစ်နေခဲ့ရတဲ့သူလေ"

"အဲ့တော့...."

"Singက ဘသူ့ကိုမှ ဒီလောက်မခင်မင်ဘူးလို့လေ..
ဒီလောက်လည်းဂရုမစိုက်ဘူးလို့လေ...
အဲ့တာ...Kristက ဘလိုများဆွဲဆောင်လိုက်တာလဲ😏"

အစကpinkမေးတဲ့မေးခွန်းကို နားမလည်ပေမဲ့ အခုတော့နားလည်လိုက်တယ်....သူက ကျွန်တော့်ကို မနာလိုဖြစ်နေတာဘဲ....သူပြောတဲ့စကားတွေက အကောင်းမှမဟုတ်တာ ခနဲ့တဲ့စကားတွေနဲ့ဘဲ...

"ဟဟ...မဆွဲဆောင်ပါဘူး.....Pinkကထင်နေလို့နေ မှာပါ.... ဒီမှာ ကျွန်တော်အခုစိတ်တွေနည်းနည်းရှုပ် နေလို့ စကားပြောချင်စိတ်မရှိဘူး....သွားခွင့်ပြုပါဦး"

ကျွန်တော်လည်း မိန်းကလေးတယောက်နဲ့ စကားနိုင် မလုချင်တာနဲ့ ကောင်းကောင်းမွန်မွန်ပြောပီး ထွက်သွား ဖို့ထလိုက်တဲ့အချိန်မှာ......

"Singနဲ့ ခပ်ဝေးဝေးမှာနေပါ"

သူကအခု ကျွန်တော့်ကို ရန်ရှာချင်နေတာလား......
ကျွန်တော်က ရှောင်ထွက်သွားမလို့လုပ်တာတောင် သူက ပေးမသွားဘူးဆိုတော့....ကျွန်တော်ကလည်း သူ့အလိုကျ ပြောပေးရမှာပေါ့😏😏

" အဲ့လိုပြောရတဲ့အကြောင်းအရင်းကရော....."

"ငါကSingကိုချစ်နေတဲ့သူဖြစ်တဲ့အတွက် နင်Singနဲ့ ဝေးဝေးနေပါ..."

"Ohhh!!!ငါကျောက်ခေတ်ကိုပြန်ရောက်နေတာ ထင်တယ်.....ဒီမှာ Pinkငါမသိလို့မေးပါရစေ....
Singက နင့်ကိုကြိုက်နေလို့လား....နင်ကဘဲSing ကိုကြိုက်နေတာမဟုလား.......ပြောရမယ်ဆိုရင် တဖက်သတ်ပေါ့ ...နင်နဲ့Singကချစ်သူလည်း မဟုဘဲနဲ့ အဲ့လိုပြောတယ်ဆိုတော့ စည်းကျော်နေတယ်လို့ မထင်ဘူးလား"

အဆုံးမဲ့ချစ်ခြင်း (Endless Love💗) Z+UniМесто, где живут истории. Откройте их для себя