"ဟိတ် ငိုနေတာမပီးသေးဘူးလား မင်းအဖေတယောက် တည်းသေသွားတာမဟုတ်ဘူး...ငါ့အမေလည်း အတူတူ သေသွားတာဘဲကွ...အေ့.."

အရက်တွေသောက်လာပီး လူကိုရန်စကားစပြောလာပီ ပထမဦးဆုံးအိမ်ကိုရောက်လာတုန်းကမခုတ် တတ်တဲ့ ကြောင် လိုပုံစံနဲ့နောက်ပိုင်းသူ့အမေနဲ့ကျွန်တော့်ဖေဖေ ယူ လိုက် ကတည်းက သူ့ရဲ့အကျင့်စရိုက်တွေ အကုန်ပေါ်လာ တယ် လောင်းကစားလုပ် အရက်တွေ သောက်ပီး မူးမူးရူးရူးနဲ့ အိမ်ကို ပြန်ပြန်လာတယ် စစတွေ့တုန်းက မတူတော့တဲ့ သူ့ရဲ့ ပုံစံအမှန်တွေကို မြင်ပီး ကျွန်တော် သူ့ကိုအကိုတယောက်လိုမပြောနဲ့ ကိုယ့်ထက် အသက်ကြီးတဲ့သူ တယောက်လိုတောင် လေးစားမှု မရှိတော့ဘူး အဆိုးဆုံးက သူကျွန်တော့်ကို ကြည့်တဲ့အကြည့်တွေကရိုးသားတဲ့အကြည့်တွေနဲ့ ကြည့်တာမဟုဘူး သားကောင်ကိုအမြဲပစ်ဖို့ချောင်းနေတဲ့ မုဆိုးလိုဘဲ ကျွန်တော့်ရဲ့ခန္ဓာကိုယ်ကိုဝါးစားမတတ် ကြည့်တဲ့သူ့ရဲ့အကြည့်တွေကို တကယ်ရွံတယ်...

"ကိုယ့်ဘာသာကိုယ် ငိုတာ ခဗျားအပူမပါဘူး...."

"ဟဟ..မင်းကစကားတွေသိပ်တတ်နေတယ်ပေါ့..."

"😏😏😏"

"ဟိတ်...မင်းငါ့ကိုအဲ့လိုအကြည့်မျိုးလာမကြည့်နဲ့ ငါ့ကိုအဲ့အကြည့်မျိုးဘသူမှလာကြည့်လို့မရဘူးကွ"

"ခဗျားလိုလူက အဲ့လိုကြည့်တာနဲ့ဘဲတန်တယ်"

"ဘာကွ..အေ့...မင်းကဘာလဲငါ့ကို အာခံပီးပြောနေတာ လား...ဟားဟား ငါကမင်းအကိုတော်တယ်ဆိုတာလည်း မမေ့နဲ့..... အကိုတယောက်ကိုအဲ့လိုပြောရမယ်လို့ မင်းရဲ့ ဆုံးသွားတဲ့အမေကမသင်ထားဖူးလား"

"ခဗျား...ကျုပ်အမေကိုပြောစရာမလိုပါဘူး..... ဘာ!!!အကို...ထွီ....ရွံဖို့ကောင်းလိုက်တာ ခဗျားလိုလူက ကျုပ် အကိုဘယ်တော့မှမဟုတ်ဘူး "

"မင်း ဘာပြောလိုက်တယ်😡😡"

"ထပ်ကြားချင်လို့လား....ပြောပေးမယ်လေ 😏😏
ဒီမှာခဗျားကိုကျုပ်အကိုတယောက်လို ဆက်ဆံမယ်လို့ တွေးထားပေမယ့် ခဗျားရဲ့အပြုအမူတွေကြောင့် အဲ့အတွေးတွေကို မြောင်းထဲ လွှင့်ပစ်လိုက်ပီ..... ခဗျားလိုစိတ်ဓာတ် အောက်တန်းကျတဲ့သူကို ကျုပ်ဘယ်တော့မှ အကို မတော်ဘူး...."

အဆုံးမဲ့ချစ်ခြင်း (Endless Love💗) Z+UniWhere stories live. Discover now