Sing-kitမပြန်သေးဘူးလား

Krist-အွန်း...မပြန်သေးဘူး လုပ်စရာလေးရှိလို့

Sing-ဟုလား...ကိုယ်စောင့်နေပေးမယ်လေ.....

Krist- ရပါတယ် မစောင့်နဲ့ ပြန်လိုက်တော့!!

Sing-တော်ကြာkitတယောက်တည်းဖြစ်နေမှာစိုးလို့ စိတ်ပူလို့ပါ....ရပါတယ်kitကမစောင့်နဲ့ဆိုတော့လည်း ကိုယ်ပြန်လိုက်ပါ့မယ်😞

Krist-................

အားတော့နာပါတယ်Singရယ် ကျွန်တော်အခု လုပ်ရ မှာက Singသိအောင်လုပ်လို့မဖြစ်လို့ပါ................. မနက်ကကိစ္စကို Singကဘာမှမဖြစ်သလိုနေ နိုင်ပေမယ့် ကျွန်တော်ကတော့ မနေနိုင်ပါဘူး...........

Singရဲ့အမြင်မှာ ကျွန်တော်က ချစ်ဖို့ကောင်းတဲ့ကလေး တယောက်လိုဘဲဖြစ်နေချင်တယ်.......အခုလိုမျိုး လက်တုံ့ပြန်တတ်တဲ့မကောင်းတဲ့ပုံစံကိုမမြင်စေချင်ဘူး

ဒါပေမယ့် ဒီလိုပုံစံက Singတယောက်တည်းအတွက်
ကြောင့် ဖြစ်လာတဲ့ ကျွန်တော့်ရဲ့ပုံစံပါ........
~~~~~~~~~~~~~~~~~~~~~~~~~~~
ဘတ်စကက်ဘော ကွင်းထဲကို ကျွန်တော်ရောက်တော့ သူတို့က ကစားနေကြပီ........ခဏနားတဲ့အချိန်လောက် မှာ ဟိုလောရှည်ကောင်က ကျွန်တော့ဘေးနားက သူ့သူငယ်ချင်းတယောက်ကိုစကားပြောနေတာတွေ့ တော့ ကျွန်တော်မသိမသာလေး နားစွင့်ပီး နားထောင်နေလိုက်တယ်

"ဟျောင့် ငါမောလို့မင်း ငါ့ကိုColaတဘူးလောက်သွား ဝယ်ပေး"

"Hrr ငါ မအားတော့ဘူး မင်းခေါ်လို့သာလိုက်လာတာ ဒီမှာအခုငါ့ကောင်မလေးက ငါ့ကိုphဆက်ခေါ်နေပီ..."

"ငါနားမလည်ဘူးကွာ မင်းဘာသာမင်းဘာတွေဘဲဖြစ် ဖြစ် ငါပြောတာကိုမင်းငြင်းလို့မရဘူး အခုသွားဝယ်ပေးဆိုဝယ်ပေးကွာ ခဏနေ ကစားချိန်ပြီး ရင် အအေးဘူးဝယ်ထားတာဘဲမြင်ချင်တယ်"

"ဒီကောင်တော့ကွာ သူပြောချင်ရာတွေဘဲဇွတ်ပြောသွား တယ်....."

ကျွန်တော်လည်း ဘေးနားက နားထောင်နေရင်း ဟိုလောရှည်ကောင်ပြောသွားတဲ့စကားကြောင့် ပိုပီး စိတ်တိုသွားမိတယ်.....တွေ့မယ်ဒီလောက်တောင် အထက်စီးက ပြောချင်တဲ့ကောင် .....😠😠

အဆုံးမဲ့ချစ်ခြင်း (Endless Love💗) Z+UniWhere stories live. Discover now