နေ့လယ်ဘက်ကျောင်းသွားပီး ကျွန်တော့် အခန်းထဲကိုဝင်တော့pinkနဲ့newကိုတွေ့တယ်
ဒါပေမဲ့ သူတို့ဘေးမှာကောင်လေးတစ်ယောက်ကိုပါ တွေ့လိုက်တယ် သူ့ကိုတခါမှကျွန်တော်မမြင်ဖူးဘူး သူကကျွန်တော့ကို ကြောင်ပီးကြည့်နေ တော့ ကျွန်တော့် ကိုယ်ကျွန်တော်တောင်ပြန်ငုံ့ကြည့်လိုက်သေးတယ် ငါဘာတွေဖြစ်နေလို့လဲပေါ့...😅😅

နောက် New မိတ်ဆက် ပေးမှသူကကျောင်းပြောင်းလာတဲ့သူမှန်း သိတော့တယ်...Newမိတ်ဆက်ပေးတဲ့အချိန်အထိ သူကျွန်တော့်ကိုကြောင်ပီးကြည့်နေတုန်း မျက်တောင် တောင်မခတ်ဘူး Newကသူ့နာမည်ကိုအော်ခေါ်လိုက်  တော့ ရှက်သွားလို့ထင်တယ် ရယ်ပီး ဂုတ်ပိုးကို လက်ကလေးနဲ့ပွတ်ကာသူ့နာမည်ကိုပြောပီး မိတ်ဆက်တယ်......

ကျွန်တော်သူ့ကိုခုမှသေချာကြည့်မိ တယ်.... ဒီကောင်လေး တော်တော်ချစ်ဖို့ကောင်းတာဘဲ အသားကလည်းဖြူစွတ်နေတာဘဲ နှုတ်ခမ်းလေးတွေက လဲမိန်းကလေးတွေလိုဆိုးစရာမလိုဘဲ နီရဲနေတာဘဲ ပါးဖောင်းဖောင်းလေးနဲ့ ခုနက သူရယ်လိုက်တော့ ပါးချိုင့်လေးတစ်ဖက်ပေါ်လာတယ် စကားပြောတော့ လည်း နှုတ်ခမ်းလေးတွေက အရှေ့ကိုချွန်ပီး ထွက်လာသေးတယ်  ဆွဲနမ်းပစ်ချင်စရာလေး ကြည့်ရတာ ကျွန်တော့်ထက်တော့ အသက်နဲနဲငယ်မယ် ထင်တယ် ယောကျ်ားလေးတန်မဲ့ တော်တော်ကိုချစ်ဖို့ ကောင်းတာ..........😊😊😊😊

😯😯ဗုဒ္ဓေါ!!!!!Singtoမင်းဘလိုဖြစ်နေတာလဲ ယောကျ်ားလေး တစ်ယောက်ကို ဘလိုကြည့်ပီး ဘလိုတွေများတွေးပစ်လိုက်တာလဲ......ဘသူ့ကိုမှလည်း ဒီလိုမတွေးဖူးပါဘူး........အိပ်ရေးပျက်လို့ စိတ်တွေဂယောက်ဂယက် ဖြစ်နေတာများလား😌😌
______________________________________
New- Singမင်း ဆေးရုံပြန်သွားမှာလား

Sing-အင်..ဟုတ်တယ်... မင်းတို့လိုက်မှာလား

New- အေ လိုက်မယ်လေ... မင်းလည်းအဖော်ရအောင် မင်းအကိုအခြေအနေလည်း ကြည့်ရအောင်....
Kristကိုပါခေါ်လိုက်လေ.....သူလည်းသိသွားအောင်

Pink- Sing နဲ့Kristကအခုမှခင်တာလေ Krist ကမလိုက်လည်းရပါတယ်(😒😒ဘာဆိုင်လို့တုန်း ခုမှခင်တာနဲ့)

Sing- hrr...မဟုတ်တာ..... ဖြစ်နိုင်ရင် Kristပါ လိုက်ခဲ့တော့ ပိုကောင်းတာပေါ့ နောက်လည်းသိရမှာကို ....လိုက်ခဲ့မယ်မဟုတ်လား😅😅

အဆုံးမဲ့ချစ်ခြင်း (Endless Love💗) Z+UniHikayelerin yaşadığı yer. Şimdi keşfedin