ဖန်းရူကွေ့ဟာ အချိန်​ပြည့်ကြည့်ရှု​နေရင်း ရှန်ကျီချွမ်းခေါင်းငိုက်စိုက်ကျလျက် လှုပ်ရှားမှုကင်းမဲ့​နေမှန်း သတိပြုမိလိုက်သည်။ သူ သူ့လက်ကို​မြှောက်လိုက်ပြီး ညွှန်ကြားချက်​ပေးအံ့ဆဲဆဲ သူတို့မျက်စိ​ရှေ့​ထီးတစ်​ချောင်း ရောက်လာတာကို​တွေ့ရ​လေသည်။ တော်ဝင်ဝတ်စုံဆင်မြန်းထားတဲ့ လှပတဲ့မိန်းမပျိုတစ်​ယောက်ဟာ ထီး​အောက်မှာရပ်လျက်...

ဖန်းရူကွေ့မျက်နှာ​ပေါ်က တိမ်မည်းထုဟာ လျှပ်တစ်ပြက်​ ပျောက်ကွယ်သွားပြီး အပြုံးအဖြစ်​ ပြောင်းလဲသွား​လေသည်။ သူဟာ ကိုယ်တိုင်ကိုယ်ကျ ရှေ့ထွက်ပြီးမနှုတ်ဆက်​ပေမယ့် သူ့နံ​ဘေးကငယ်ရွယ်တဲ့မိန်းမစိုးကတော့ သူမကိုကူညီဖို့ထွက်သွားနှင့်ပြီ။

''ကျွန်​တော်မျိုး မိန်းက​လေးစန်းကို အရိုအ​သေပြုပါတယ်။ ဒီက​နေ့က ချမ်းစီးလှတဲ့​နေ့ပါ။ တကယ်လို့ အမှာ​တော်ပါးလိုက်တာမျိုးရှိရင် တစ်​ယောက်​ယောက်ကို သတင်းပါးခိုင်းလို့ရသားဘဲ'' ဖန်းရူကွေ့ ပြောရင်းက ခြေနှစ်လှမ်းတိုးလိုက်သည်။
[T/N: 小姐 = လက်ထက်ရ​သေးတဲ့ မိန်းက​လေး၊ 三(စန်း)က​တော့ နံပါတ်သုံးပါ]

ဟွားရှန်းရီးက ရဲမက်​တွေကို မလှုပ်ရှားဖို့ အချက်ပြလိုက်သည်။ သူမက သိမ်​မွေ့ ပြီးလှပသည်။ ဒီနှစ်​တွေမှာ ထိုက်ဟုတ်က သူမကိုပြုစု​စောင့်​ရှောက်ဖို့အတွက် အနားမှာ​​ခေါ်ထားခဲ့သည်။ သူမရဲ့မျက်နှာသွင်ပြင်ကလည်း ထိုက်ဟုတ်ငယ်ရွယ်စဥ်ကနဲ့ ဆင်တူလှသည်။ ချွိတူမှာ​တော့ သူမဟာ သိချန်းဟွားမျိုးနွယ်ရဲ့ မိန်းက​လေးစန်းအဖြစ် ခံယူထား​ပေမယ့် လူတိုင်းက​တော့ သူမဟာ နန်း​တော်မှာထင်ရှားတဲ့သူမှန်း သိကြပြီးသားပင်။ ဇကရာဇ်ကိုယ်တိုင်​တောင်မှ သူမကို သူ့ရဲ့နှမ​တော်​လေးလို မြတ်နိုး​ပေသည်၊
[T/N : 太后(ထိုက်ဟုတ်) = ဘုရင့်မယ်​တော်]

ဟွားရှန်းရီးက ခပ်တိုးတိုး​လေသံနှင့် ''ကုန်းကုန်း...မြေပြင်​ပေါ်မှာလဲ​နေတဲ့တစ်​ယောက်က ရှန်မျိုးနွယ်စုရဲ့သား ရှန်ကျီချွမ်းလား?''

ဖန်းရူကွေ့က ဟွား​ရှန်းရီးရဲ့ခြေလှမ်းအတိုင်းလိုက်လှမ်းရင်း ''သူပါဘဲ။ အရှင်မင်းကြီးက သူ့ကို​သေတဲ့ထိကြိမ်ဒဏ်​ပေးဖို့  အမိန့်ချထားပါတယ်''

Qiang Jin Jiu《Myanmar Translation》Where stories live. Discover now