သူ့အ​သွေးအသားကနာကျင်မှုက သူ့ကိုယ်တွင်းမှာ တ​ငွေ့​ငွေ့​လောင်မြိုက်​နေတဲ့ မီးစကဲ့သို့။ သူတို့​တွေဟာ ရှန်ကျီချွမ်းကိုမလှုပ်ရှားနိုင်​တော့တဲ့အထိ ရိုက်နှက်ကြ​လေသည်။ သူလုပ်နိုင်တာဆိုလို့ သူ့ပါးစပ်ထဲကအဝတ်ကို တင်းတင်းကြပ်ကြပ် ဖိကိုက်ထားရုံသာ။ သူ့​သွေးကို​တောင် အချိန်မှီ မမျိုချ​နိုင်​တော့... သူ့ပါးစပ်ထဲမှာ ငန်ကျိကျိအရသာက ပြည့်လျက် ။ စီးကျ​လာတဲ့ချွေးတွေဟာ သူ့ရဲ့ပွင့်ဟ​နေတဲ့မျက်လုံး​တွေကို စပ်ဖျင်းဖျင်းဖြစ်​စေကာ ရှန်ကျီချွမ်းက​တော့ သေလု​မျောပါးဖြစ်လျက်။

မိုး​​ကောင်းကင်ဟာ အုံ့မှိုင်းညိုမည်း​နေပြီး နှင်းထု​တွေဟာလည်း ကြောင်မြီးပန်း​တွေကဲ့သို့ ကျဆင်းလျက်ရှိ​ပေသည်။
[ကြောင်မြီးပန်း/အင်္ဂလိပ်လိုဆို willo catkins။ သိချင်ရင်ဂူဂဲလ်ရှာလို့ရတယ်]

ကြိမ်ဒဏ်​ပေးသည့်အလုပ်က လူတိုင်းလုပ်နိုင်တဲ့အရာမဟုတ်​ပေ။ ''၂၀မှာသတိ​မေ့၊၅၀မှာခြေဆွံ့ ''ဆိုတဲ့စကားအတိုင်းဘဲ လူတစ်​ယောက်ကို ရိုက်နှက်နည်း​များစွာ ရှိ​လေသည်။ ပေယဘုယျအားဖြင့်​တော့ မျိုးဆက်အလိုက် လက်ဆင့်ကမ်းလာသည့် မိသားစုထုံးစံတစ်ခုဖြစ်ပြီး လေ့ကျင့်မှုဟာလည်း ကုန်သွယ်မှုသင်ယူရတာထက်တော့ မလွယ်​ပေ။ ဒါတင်မက​သေး ဒီအလုပ်ဟာ ကောင်းမွန်သည့်ကိုယ်ခံပညာရှိရုံတင်မက ပိုင်းခြားသိမြင်နိုင်သည့် အမြင်အာရုံရှိဖို့လည်း လိုအပ်​ပေသည်။ ရိုက်နှက်သူတို့သည်ကား ဤအလုပ်ကိုကြာမြင့်စွာလုပ်လာခဲ့သည်ဖြစ်​လေရာ သူတို့လုပ်ရသည်မှာ အကျဥ်းစခန်းမှူးရဲ့မျက်နှာအမူအရာကိုအကဲခတ်ပြီး မည်သူက​တော့ အ​ပေါ်ယံဒဏ်ရာနည်း​ပေမယ့် အတွင်းဒဏ်ရာပြင်းရမယ် မည်သူက​တော့​ပြောင်းပြန်ဆိုတာကို သိရှိအောင်လုပ်ရုံသာ။

ဧကရာဇ်ရှန်းသဲ့ရဲ့ ယ​နေ့စီရင်ချက်က​ သူ့ကို​သေတဲ့အထိ ကြိမ်ဒဏ်​ပေးဖို့ဖြစ်ပြီး ဖန်းရူကွေ့ကလည်း သူ့အ​ပေါ် နားညှာတာတဲ့ပုံ မ​ပေါ်ပါ​ပေ။ ဆိုလိုတာက​တော့  အလှည့်အ​ပြောင်းဖြစ်လာနိုင်​ချေ လုံးဝမရှိ​ပေ- သူဟာ အမှန်တကယ်​သေရမယ့်လူတစ်​ယောက်။ ဒီ့အတွက် ရဲမက်​တွေဟာလည်း သူတို့တတ်စွမ်းသမျှ အရည်အချင်း​တွေကိုထုတ်ကြ​လေသည် - အချက်ငါးဆယ်အတွင်းမှာပင် ရှန်ကျီချွမ်းသေရလိမ့်မည်။

Qiang Jin Jiu《Myanmar Translation》Where stories live. Discover now