ပတ်ဂျီမင်းမှာတော့ တစ်နယ်လုံး သိပြီး သူပဲ မသိသည့် ကိစ္စအား စိတ်ဝင်တစားဖြင့် စုံထောက်လုပ်ခဲ့ရသည်ကြောင့် သစ္စာအဖောက်ခံလိုက်ရသလိုတောင် အပြင်းအထန် ခံစားလိုက်ရ၏။

"နေပါဦး . . ဒါဆိုခင်ဗျားရဲ့ မုတ်ဆိတ်မွှေးတွေ ဘယ်ရောက်သွားတာလဲ"

ဂျီမင်း ရုတ်တရက် ထမေးလိုက်သည့် မေးခွန်းကြောင့် ထိုလူဟာ မည်သို့ပြန်ဖြေရမှန်းမသိပဲ ကြောင်သွားပုံရသည်။

မေးချင်စရာပဲလေ။ တောင်ပေါ်က အနောက်အိမ်မှာနေတဲ့သူဆို ဟိုတစ်ခါ သူ တွေ့တုန်းက မုတ်ဆိတ်မွှေး ပါးသိုင်းမွှေးတွေနဲ့ မလား။

"ဟဲ့ကလေး . . .
လူကြီးကို ဘာတွေလျှောက်မေးနေတာလဲ"

အဘွားဖြစ်သူ လှမ်းဟန့်တော့မှ ဂျီမင်းတို့  နှုတ်ခမ်းလေးဆူကာ ဇာတ်ကလေးတောင် ဟန်ဆောင်ပန်ဆောင် ပုဝင်သွားရှာသည်။

"ဆေးရုံမှာ ကလေးလူနာတွေရှိတော့ သူ့တို့
လန့်မှာစိုးလို့ ကိုယ်ရိတ်ပစ်လိုက်တာ"

သို့ပေသိ အနှီလူက ဂျီမင်းအမေးအား စိတ်ခုသွားပုံမရပဲ ခပ်အေးအေးသာ ပြန်ဖြေသည်။ ပေါင်းရသင်းရလွယ်သည့် လူမျိုး ဖြစ်လောက်မည်ဟု ဂျီမင်း မဆိုင်းမတွ မှတ်ချက်ချပစ်လိုက်၏။

ခဏအကြာ အဘွားက ထပြောသည်။

"မိုးရွာထားတော့ မီးမရှိ ဘာမရှိနဲ့ တောင်ပေါ်လမ်းတွေချော်နေမှာ လူလေး ဒီညဒီမှာပဲအိပ်လိုက်ပါလား"

ယင်းစကားကြောင့် အဘွားရဲ့ အတွေးအခေါ် အမျှော်အမြင်ကြီးမှုကြီးအား ဂျီမင်း သည်တစ်ခါတော့ အများကြီး သဘောတွေ့သွားလေပြီ။

"အာ . . ရပါတယ် ခင်ဗျ
ကျွန်တော် ဒီအတိုင်းပြန်လိုက်ပါ့မယ်"

"ခင်ဗျားကလည်း . . စိတ်ပူလို့ပြောနေတာကို အိပ်ဆို အိပ်လိုက်ပေါ့"

ထိုအခိုက် သူဝင်ပြောလိုက်သည့် အသံမှာ ထင်ထားသည်ထက် အတော်ကျယ်သွားရသဖြင့် ပတ်ဂျီမင်းတို့ သူ့ကိုယ်သူတောင် လန့်သွားရ၏။ ထို့ကြောင့် အရှက်ပြေလေး လည်ချောင်းတစ်ချက် ရှင်းလိုက်ပြီး လေပြည်လေးဖြင့် ပြန်ဆိုရသည်။

PETRICHOR || VMINWhere stories live. Discover now