ပြောပြီး ရင်​ဘက်​အနား​လေးကို ရထာနမ်းလိုက်​မိသည်​။
"​မင်း​လေးနမ်းလို့ရ​အောင်​ ဒီအနံ့ပဲထွက်​ခိုင်းတာ"
"အရူး​ကောင်​"
သ​ဘောတကျရယ်​ပြီးသာ songရင်​ခွင်​ကို ပိုတိုးလို့ဖက်​ထားလိုက်​မိသည်​။ လွမ်း​နေရ​တော့မည့်​ ဒီရင်​ခွင်​ကြီးကို အခွင့်​ရတုန်း ဘယ်​​တော့မှ​မေ့မသွား​လေ​အောင်​ ဖက်​ထားမိသည်​။ ဒီ​ချွေးနံ့သင်းသင်းကိုလည်း အမြဲအသဲစွဲမှတ်​မိ​နေ​အောင်​ရှုရှိုက်​​နေမိသည်​။ အလာရှိရင်​ အပြန်​လမ်းရှိတဲ့
သဘာဝကြီးကို နှစ်​​ယောက်​သား မလွန်​ဆန်​နိုင်​ခဲ့ကြပါ။ ထို့အတူ အသက်​ရှင်​​နေသ​ရွေ့ သံသရာတစ်​​ကွေ့မှာ ​ရေစက်​ပါသူ​တွေသည်​ ပြန်​လည်​ဆုံ​တွေ့ရမည်​ဆိုတာကိုလည်း လက်​ကိုင်​ထားသည်​။ ​သေချာ​ပေါက်​ ​ရေစက်​ဆုံလို ဒီလို​မေတ္တာမျှခဲ့သည်​မို့ မိမိတို့သည်​ တစ်​ဖန်​​တွေ့ဆုံရဦးမှာ​ပေ။
ဘာလိုလိုနှင့်​​နေဝင်​ချိန်​ကြည့်​ဖို့ အချိန်​တန်​​လေပြီ။ ​ငှါးထားသည့်​ ebikeနှစ်​စီးကို တစ်​​ယောက်​စီစီးကာ ​နေဝင်​ဆည်းဆာကြည့်​ဖို့ရာ ကုန်း​​လေး​ဆောက်​​ပေးထား​သော စူဋ္ဌာမဏိကုန်းကို သွားရသည်​။songက​ ဂီတာကိုလွယ်​ထားပြီး မိမိက​တော့ songရဲ့​ကျောပိုးအိတ်​ကို သယ်​ရသည်​။
"သေချာ​မောင်း​နော်​ သဲဝပ်​တဲ့​နေရာ​တွေကျ လဲဦးမယ်​"
"ဟုတ်​ပါပြီ"
နှစ်​​ယောက်​သားစတင်​ထွက်​ခွာလာခဲ့ကြသည်​။ သဲလမ်း​​တွေကိုဖြတ်​၍ ​မောင်းနှင်​လာရသဖြင့်​ ဖုန်​တလုံးလုံးထ​နေသည်​။ လမ်းမှာဘုရားစု​လေး​တွေမြင်​ရသည့်​အခါ songက ခဏရပ်​ပြီး ဓာတ်​ပုံရိုက်​သည်​။ ပြီးလျှင်​​တော့ ခရီးဆက်​ခဲ့ကြရာ စူဋ္ဌာမဏိကုန်းကို​ရောက်​​လေပြီ။ ebikeကို ကုန်း​အောက်​မှာထားခဲ့ကာ နှစ်​​ယောက်​သား ကုန်း​ပေါ်တက်​လာခဲ့သည်​။ ပုဂံဘုရားများ​နောက်​ ပုန်းကွယ်​​နေသည့်​ ​နေမင်းကြီးသည်​ ​အနီမဟုတ်​ဘဲ ​ရွှေဝါ​ရောင်​ထွန်း​နေသည်​။ ဘုရားအနီးမှာ ​ရွေ့လား​နေသည့်​ နွားလှည်း​လေး​တွေကိုလည်း ​ရေး​ရေး​လေးမြင်​​နေရသည်​။