"ဒီလူသားလား.''

"ဟုတ်ပါတယ်''

အခြေအနေကို နားလည်လာသော seokjin လဲထို
အဖိုးအိုအား အရိုအသေပေးလိုက်သည်.

"မင်းတို့အပြစ်ကို မင်းတို့သိလား''

ထိုအဖိုးအို ပါးစပ်မှ ထွက်သောစကားများသည် ပြတ်
သားသည်.သြဇာသံပါသော အသံကြောင့် seokjin
လက်ဖျားများ ချွေးစို့နေသည်.

"အသင်လူသား သင်ဟာ သင့်ရဲ့ ကူညီလိုစိတ်ကြောင့်
အချိန်တွေ ကမောက်ကမ ဖြစ်အောင်လုပ်မိတဲ့ အတွက်
သင့်အား အပြစ် ဒဏ်ချမှတ်မယ်..

ဒါကြောင့် သတ်မှတ်ထားတဲ့ ကံကြမ္မာအတိုင်း အိမ်ရှေ့
စံကို အစွမ်းကုန်ကာကွယ်ပါ.ဖြေရှင်းစရာတွေ ဖြေရှင်း
ပြီးရင် အသင်ရဲ့ အရင်အချိန်တွေဆီပြန်ရောက်လိမ့်မယ်''

"ဟုတ်ကဲ့''

ထို့နောက် namjoon အားကြည့်ကာ

"ဘာလို့ အချိန်စောင့်မှင်စာ ဖြစ်လဲသိလား''

"အမိန့်ရှိပါ''

Namjoon စကားကို သဘောကျဟန်ရှိသော အဖိုးအိုသည် မုန့်ဆိတ်မွှေးများကို သပ်ကာ စကားပြန်ဆက်သည်.

"အချိန်တွေနဲ့အတူ အတိတ်က ချစ်ရတဲ့သူကိုစောင့်နေရ
လို့ပဲ.အရမ်းနာကျင်ခဲ့ရတဲ့ အတိတ်တွေကို မေ့နေပင်မဲ့
ချစ်ရတဲ့သူကို စောင့်နေချင်သေးတာကြောင့်...''

အဘိုးအို စကားအဆုံးတွင် namjoon စိတ်ထဲဝမ်း
နည်းကာ မျက်ရည်ဝဲလာသည်.

"အသင့်ရဲ့ အပြစ်ဒဏ်က အသင့်ရဲ့အတိတ်ကိုရှာဖွေရ
မှာပဲ''
.
.
.
.
.
Seokjin အဆောင်ပြန်ရောက်သည်အထိ နှစ်ယောက်စလုံးစကားမဆိုမိ.

ပြန်ခါနီး အဘိုးအိုပြောလိုက်သောစကားကိုသာ
Seokjin စိတ်ထဲ စွဲနေသည်.

"သတ်မှတ်ပြီးသား ကံကြမ္မာကို ဘယ်သူမှမပြင်နိုင်ဘူး'' ဟူသော စကားကို စိတ်ထင့်နေသည်.

ထိုအကြောင်းကို namjoon အားပြောချင်သော်လဲ
ပြန်လာကတည်းက မျက်နှာမကောင်းတာမို့ မပြောဖြစ်
Namjoon လဲ သူမတူးဆွချင်တဲ့ ဝမ်းနည်းဖွယ်
အတိတ်ကို ပြန်တူးဆွရမည်မဟုတ်လား..

Stranger From Hell { complete }Where stories live. Discover now